Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာရွှေဆိုင်ဓားပြတိုက်မှုနဲ့ဖမ်းထားသူ ၂ဦးကို ခုခံလို့ဆိုပြီး စစ်ကောင်စီတပ် သတ်ဖြတ်

ဓားပြခေါင်းဆောင်နဲ့ နောက်လိုက် တို့ကို ဓားပြတိုက်ရာမှာအသုံးပြုတဲ့လက်နက်တွေ လိုက်ပြခိုင်းရာမှာ သေနတ်လုဖို့ ကြိုးပမ်းတဲ့အပြင် လက်ပစ်ဗုံးကို ကလစ်ဖြုတ်ပြီး ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ရှင်းလင်းရတာလို့စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ

မန္တလေးမြို့က စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်ကို ဓားပြတိုက်မှုစွပ်စွဲချက်နဲ့ဖမ်းဆီးထားတဲ့ အမျိုးသား ၂ ဦးဟာ ပြန်လည်ခုခံလို့ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

ဓားပြခေါင်းဆောင်နဲ့ နောက်လိုက် တို့ကို ဓားပြတိုက်ရာမှာအသုံးပြုတဲ့လက်နက်တွေ လိုက်ပြခိုင်းရာမှာ သေနတ်လုဖို့ ကြိုးပမ်းတဲ့အပြင် လက်ပစ်ဗုံးကို ကလစ်ဖြုတ်ပြီး ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ရှင်းလင်းရတာလို့စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ (မတ်လ ၂၇ )ရက်က မန္တလေးမြို့ စိန်ကျော်မိုး ရွှေသန့်စင်ဆိုင်ရှေ့မှာ သေနတ်ပြပြီးအမျိုးသား ၃ ဦးက ဓားပြတိုက်လို့ ကျပ်သိန်း ၁,၂၀၀ ကျော်ပါသွားတာပါ။

အဲဒီဖြစ်စဉ်မှာ ၂ဦးကို ညတွင်းချင်းဖမ်းမိတယ်လို့စစ်အုပ်စုကဆိုထားပါတယ်။

စစ်အုပ်စုရဲ့ သတင်းထုတ်ချက်အရ ပြန်လည်ခုခံလို့စွပ်စွဲချက်နဲ့သတ်ဖြတ်ခံရသူ ၂ ဦးဟာ ဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအတွင်း ဖမ်းခံရသူ ၂ ဦးဖြစ်ပါတယ်။

ဓားပြတိုက်မှုမှာပါဝင်သူတွေဟာ မန္တလေးက ဒေါ်တောမုန့်တီဆိုင်ကို ဓားပြတိုက်တာနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမရပူရမြို့နယ်အတွင်း ဓားပြတိုက်တဲ့ဖြစ်စဉ်မှာ နေအိမ်ပြန်ရောက်နေတဲ့ ဒုရဲမှူးကိုသတ်ဖြတ်သွားသူတွေဖြစ်တယ်လို့ စစ်အုပ်စုက စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ဓားပြတိုက် ၊သတ်ဖြတ်မှုကျုးလွန်သူတွေဟာ ဓားပြတိုက်ရာ ရလာတဲ့ ရွှေထည်တွေကို စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်မှာသွားရောက် ရောင်းချခဲ့တယ်လို့ ဆိုထားပါသေးတယ်။

ဒါကြောင့် စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းဆိုင်ကိုလည်း တိုက်ရာပါပစ္စည်းတွေ လက်ခံမှုနဲ့ အမှုဖွင့်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။