Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ စစ်ရေးတင်းမာနေ၍ ဖြတ်သန်းခွင့် ယာယီပိတ်

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေသည်ဟု ဆိုသည်။

(ထုံခါ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထုံခါ-မောတောင်လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်နေ၍ လမ်းပိုင်းအား ယာယီဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေး ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းဖြတ်သန်းသွားလာခွင့်အား မတ်လ ၃၁ရက်ကစပြီး ယာယီပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေးသည်။

“ (စစ်တပ်စစ်ကြောင်း)ခြေလျင်သွားပြီး နောက်ကကားနဲ့လိုက်နေတာပါ။ အခုလောလောဆယ် တိုက်ပွဲထဲက တပ်စိတ်နဲ့ ဆက်သွယ်မရသေးလို့ အသေးစိပ်မပြောနိုင်သေးဘူး” ဟု တပ်ရင်း (၂)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် ထုံခါ-မောတောင်လမ်းပိုင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် လမ်းပိုင်းဖြတ်သန်းခွင့်အား သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက ပြန်လည်သွားလာခွင့်မပြုမချင်း ဖြတ် သန်းသွားလာခြင်းမလုပ်ကြရန်လည်း မြိတ်ခရိုင် တပ်ရင်း (၂)က သတိပေးထားသည်။

အထက်ပါ ထုံခါ-မောတောင်လမ်းပိုင်းအတွင်း ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲအခြေအနေများအား အသေးစိပ်မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။