Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို မအူရဲကင်းစခန်းကို PDF များတိုက်ခိုက်မီးရှို့

မအူရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ ၁၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့​သေးသည်။သို့​သော်စခန်းကို ပြန်ပြုပြင်၍ တပ်စွဲ​နေရာ PDF များကဒုတိယအကြိမ်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

(၂၀၂၂ နိုဝင်ဘာ ၁၈ရက်တွင် မအူရဲစခန်းကိုPDF များ တိုက်ခိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ)
(၂၀၂၂ နိုဝင်ဘာ ၁၈ရက်တွင် မအူရဲစခန်းကိုPDF များ တိုက်ခိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ)

ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(ဧပြီလ ၃ရက်)နံနက်အစောပိုင်းတွင် တိုက်ခိုက်၍ မီးရှို့ခဲ့​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

ရေစကြိုမအူစခန်းကို သိမ်းတာ။ မနက် ၃နာရီကတည်းက ချတာ။ အခုက စစ်ကောင်စီဘက်ကနေ လေကြောင်းကနေ လာပစ်နေတယ်”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မအူရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မနက် ၃ နာရီတွင် မြေပြင်မှ ထိုးစစ်ဆင်သလို ဒရုန်းဖြင့်လည်း တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ထို​နောက် နံနက် ၇နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ကြောင်း PDFများက​ပြောသည်။

“ကိုယ့်ဘက်က အင်အားများတယ်။ ကုန်ကျစရိတ်က ကိုယ့်ဘက်ကလည်း များတယ်။ ကျည်တန်ဖိုးတွက်ရင်ကို မနည်းဘူး။ စခန်းကို မီးရှို့နိုင်ခဲ့ပြီး ပြန်ဆုတ်လာခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်နှင့် ရဲများထိခိုက်မှုအ‌ခြေအနေကိုမသိရ​သေး​ပေ။

စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ လာ​ရောက်တိုက်ခိုက်​သော်လည်း ကနဦးရရှိသည့် သတင်းအရ မအူစခန်းကိုတိုက်ခိုက်မီးရှို့ ပြီး ပြန်ဆုတ်ပြီးမှ လာ​ရောက်ပစ်ခတ်ခြင်းဖြစ်၍ပူး​ပေါင်းတပ်မှ ရဲ​ဘော်များ ထိခိုက်မှုမရှိ​ကြောင်း PDF အချို့က​ပြောသည်။