Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းနယ်ရှိ နောင်ပိုအောင်ရဲစခန်းအား PDFများ ဝင်ရောက်တိုက်ခိုက်

ယမန်နေ့ (ဧပြီ၂ ရက်) ည ၉ နာရီခန့်မှစတင်ကာ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ရဲစခန်းတိုက်ခိုက်ခဲ့မှုဖြစ်စဥ်နှင့်ပတ်သက်၍ ဟုမ္မလင်း HPDFက အတည်ပြုသည်။

ဟုမ္မလင်းနယ်ရှိ နောင်ပိုအောင်ရဲစခန်းအား PDFများ ဝင်ရောက်တိုက်ခိုက်
ဟုမ္မလင်းနယ်ရှိ နောင်ပိုအောင်ရဲစခန်းအား PDFများ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ယမန်နေ့ညက နောင်ပိုအောင်ရဲစခန်းတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ၂ ရက်) ည ၉ နာရီခန့်မှစတင်ကာ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ရဲစခန်းတိုက်ခိုက်ခဲ့မှုဖြစ်စဥ်နှင့်ပတ်သက်၍ ဟုမ္မလင်း HPDFက အတည်ပြုသည်။

“ခဏနေလောက်မှသေချာ ပြောပြနိုင်မယ်။ ကျွန်တော်တို့ နည်းနည်းအတည်ပြုစရာနဲ့စာရင်းစုစရာတွေ ရှိသေးလို့ပါ။ ထုတ်ပြန်ပေးပါ့မယ်။”ဟု ဟု ဟုမ္မလင်းHPDFမှ တာဝန်ရှိသူက ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၊ SNA တပ်များနှင့် PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန် ဟုမ္မလင်းHPDF သတိပေးထားသည်။

နောင်ပိုအောင် -ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းများအား ယာယီ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် သတိပေးချက်အား မလိုက်နာ၍ တစုံတရာဖြစ်ပွားခဲ့ပါက တာဝန်မယူကြောင်း နယ်မြေဒေသခံရဲဘော်များကိုယ်စား ဟုမ္မလင်းHPDF ထပ်မံသတိပေးထားသည်။