Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ အွန်လိုင်းကနေ ချိတ်ဆက်ပြီး ငွေသွားလဲသူအမျိုးသမီး သတ်ဖြတ်ခံရ

သတ်ဖြတ်ခံရသူအမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၊ဥပုသ်တော်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေအိမ်ကိုတွေ့ရစဉ်
အခင်းဖြစ်ပွားတဲ့နေအိမ်ကိုတွေ့ရစဉ်

မန္တလေးမှာ အွန်လိုင်းကနေ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသားဟာ ငွေလာလဲသူအမျိုးသမီးကို သတ်ဖြတ်ပြီး ကျပ်သိန်း ၂၀၀ လုယက်သွားတဲ့ဖြစ်စဉ်မနေ့ ဧပြီ ၂ ရက်က မန္တလေးမှာဖြစ်ပွားခဲ့ပါတယ်။

အဲဒီလူသတ်မှုဟာ အောင်မြေသာစံမြို့နယ် ၊ကျုံးအနောက်ခြမ်း ၊ ၁၉ လမ်း ၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားနေအိမ်မှာဖြစ်ပွားတာလို့ဒေသခံအချို့ဆီကသိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေအိမ်ဟာလည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသား ဌားရမ်းနေထိုင်တဲ့အိမ်ဖြစ်ပါတယ်။

ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အောင်နိုင်ဝေဆိုတဲ့အမျိုးသားဟာ အွန်လိုင်းကနေ ချိတ်ဆက်ပြီး ငွေလဲဖို့ ရောက်လာတဲ့ အမျိုးသမီးကို ကြိုးတုပ်ပြီး သတ်ဖြတ်ကာ ပါလာတဲ့ တွေတွေ လုယက်သွားတာလို့ စစ်ကောင်စီသတင်းက ဆိုထားပါတယ်။

ငွေအပြင် အသတ်ခံရသူအမျိုးသမီး စီးလာတဲ့ ဆိုင်ကယ်ကိုပါ တပါတည်းလုယက်သွားတယ်လို့သိရပါတယ်။

သတ်ဖြတ်ခံရသူအမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြေသာစံမြို့နယ် ၊ဥပုသ်တော်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။