Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီစစ်ရှောင်ပြည်သူများအတွက် စစ်ကိုင်းတိုင်းမှဆန်ဆီဆားများလှူဒါန်း

အညာဒေသတွင်သာမက အဝေးမှ ခက်ခဲနေသော စစ်ဘေးသင့်ပြည်သူ များအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားကူညီပေးလျက်ရှိကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

(ကရင်နီစစ်ရှောင်စခန်းက ပြည်သူများအတွက် ဆန်ဆီဆားများ လှူဒါန်းပေးနေစဥ်။ ဓါတ်ပုံ-S&C)
(ကရင်နီစစ်ရှောင်စခန်းက ပြည်သူများအတွက် ဆန်ဆီဆားများ လှူဒါန်းပေးနေစဥ်။ ဓါတ်ပုံ-S&C)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုစစ်ရှောင်စခန်းရှိ ပြည်သူ ၉၀ စာအတွက် ဆန်၊ဆီ၊ဆားများ ပေးပို့လှူဒါန်းခဲ့ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သည် ကရင်နီပြည်နယ် ဒီးမော့ဆို စစ်ရှောင်စခန်းရှိ စစ်ဘေးသင့်ပြည်သူဦးရေ ၉၀၊ အိမ်ထောင်စု ၃၀ စာအတွက် ဆန်၊ဆီ၊ဆား များ ပေးပို့လှူဒါန်းခဲ့ကြောင်းဧပြီလ ၃ ရက်နေ့တွင် အသိပေးသည်။

“အဓိက ကတော့စစ်ရှောင်နေတာသူတို့ကနှစ်ချီနေပြီ။ သူတို့အတွက်ဆန်ဆီဆား အခက်တွေ့နေလို့ အကူညီလာတောင်းလို့ လူခံလည်းရှိလို့ လှူပေးဖြစ်တာပါ။”ဟု S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အညာဒေသတွင်သာမက အဝေးမှ ခက်ခဲနေသော စစ်ဘေးသင့်ပြည်သူ များအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားကူညီပေးလျက်ရှိကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့သည် ယခုလက်ရှိတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄မြို့နယ်၊ ကျေးရွာ ၁၈ရွာ၊ အိမ်​ထောင်စု စုစုပေါင်း၃၅၀စုတွက်ဆန် ဆီ ဆား များ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် နေအိမ်များ၊ စာသင်ဆောင်များ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးနေသည်။

အခြားမြို့နယ်နှင့် ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူအများအပြားအား ကူညီရန် ကျန်နေသေး၍ ပြည်သူများ တတ်နိုင်သမျှ ပါ၀င်ပေးပါရန် မေတ္တာရပ်ခံထားသည်။