Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် ဖမ်းဆီးခံပြည်သူများအနက် တစ်ဦးသတ်ဖြတ်ခံရပြီး တစ်ဦးလွတ်မြောက်လာ

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ မတ်လ ၃၁ ရက်မှ ဧပြီ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ပြည်သူများအနက် တစ်ဦးသတ်ဖြတ်ခံရပြီး တစ်ဦးထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီလ ၄ ရက်) နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ (၉)နံပါတ်မူးဘောင်နှင့် တောရကျောင်းကြား၌ စစ်ကောင်စီတပ်က သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းတစ်လောင်းတွေ့ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ပြည်သူတစ်ဦးလည်း ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးလွတ်မြောက်လာကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“ပြန်လွတ်လာတဲ့ ပြည်သူက ညှင်းပန်းနှိက်စက်ခံထားရပြီး ဘယ်ဘက်နားရွက်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ မတ်လ ၃၁ ရက်မှ ဧပြီ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ကျော်သေဆုံးခဲ့၍ Mi(35)တိုက်ခိုက်​ရေးယာဥ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သည် မတ်လ ၂၇ ရက်မှစ၍ ဘုတလင်မြို့မှ အင်အား ၁၂၀ခန့်ဖြင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းသို့ ထွက်လာပြီး စိုင်ပြင် – ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာကျော်မှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ၍ အကူအညီများလိုအပ်နေသည်။