Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှု လူနှစ်ဦးသေဆုံး

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အချို့က အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ထားသည့် အချိန်ကြောင့် အမြန်မောင်းနှင်ရာမှ ဖြစ်နိုင်ကြောင်း သုံးသပ် ရေးသားထားသည်။

(ယာဉ်တိမ်းမှောက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Dine G Nay/FB)
(ယာဉ်တိမ်းမှောက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Dine G Nay/FB)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံးကြောင်း သေဆုံးသူနှင့်နီးစပ်သူများက ပြောသည်။

“ကိုနောင်နဲ့ မိုးယံ နောက်ဘဝ ဒီလိုအဖြစ်မျိုး မဖြစ်ပါစေနဲ့ဟာ ကိုနောင်ရော မောင်ရော ထွက်သွားတာ အရမ်းစောလွန်းတယ်”ဟု သေဆုံးသူ အမျိုးသားနှစ်ဦး နှင့်ရင်းနှီးသူတစ်ဦးက ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဧပြီ ၃ ရက် ည ၁၁ နာရီခန့်တွင် ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်လိုက်ပါလာသူ အမျိုးသားနှစ်ဦးမှာ သေဆုံးပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိကြောင်း မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

တိမ်းမှောက်မှုဖြစ်သည့် ယာဉ်သည် Honda Fit Ge6အမျိုးအစားဖြစ်ပြီး ကားတစ်စီးလုံး ပျက်ဆီးနေသည်ကို အခင်းဓာတ်ပုံများတွင် တွေ့ရသည်။

အမျိုးသားနှစ်ဦးမှာ သေဆုံးသွားပြီး အမျိုးသမီးသည် အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း အထက်ပါ ရင်းနှီးသူက ရေးသားထားသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးသည် Cuba 4 ဆိုင်မှ MC Naung Naung ဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသူများက လူမှုကွန်ရက်၌ ရေးသားထားကြသည်။

“ငါတကယ်စိတ်မကောင်းဘူးကွာMCနောင်နောင်ရာ၊ မင်းသွားတာတကယ်စောလွန်းတယ်ကွာ DJဖွင့်တိုင်းအမြဲဘေးကနေမင်းစနောက်နေကြလေကွာ၊ တကယ်မဟုတ်ပါစေနဲ့ဆုတောင်းနေတဲ့ကြားကမင်းကွာ ” DJ David Phyo ကရေးသားထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အချို့က အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ထားသည့် အချိန်ကြောင့် အမြန်မောင်းနှင်ရာမှ ဖြစ်နိုင်ကြောင်း သုံးသပ် ရေးသားထားသည်။