Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုကိုးကျွန်းမှာ တရုတ်သူလျှိုစခန်းရှိနိုင်တယ်ဆိုတာ ဂြိုဟ်တုဓာတ်ပုံ​တွေအရ အိန္ဒိယ ပိုမိုယုံကြည်လာ

အာရှတိုက်ရဲ့ အင်အားကြီး နှစ်နိုင်ငံဟာ ပထဝီဝင် နိုင်ငံရေး နယ်ပယ်မှာ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြသလို အိန္ဒိယ သမုဒ္ဒရာ ရေပြင်ဖက် တရုတ်ရဲ့ ဩဇာချဲ့ထွင်ဖို့ ကြိုးစားလာမှုတွေကိုလည်း အိန္ဒိယက သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

(ကိုးကိုကျွန်း​ပေါ်မှာ စစ်တပ်အ​ခြေခံအ​ဆောက်အအုံ​တွေကို လပိုင်းအတွင်းအလျှင်အမြန်တိုးချဲ့​လာနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-Maxar Technologies)

မြန်မာပိုင် ကိုကိုးကျွန်းမှာ တရုတ်က သူလျှို အခြေစိုက်စခန်းတစ်ခု တည်ရှိနေတယ်လို့ ယုံကြည်ရတဲ့ ဓာတ်ပုံ အထောက်အထားတွေ ထပ်မံ ထွက်ပေါ်လာတယ်လို့ အိန္ဒိယက ဆိုပါတယ်။

ဓာတ်ပုံ မှတ်တမ်းတွေအရ ကိုကိုးကျွန်းမှာရှိတဲ့ စစ်အခြေစိုက် စခန်းမှာ စစ်ရေး အခြေခံ အဆောက်အအုံတွေ အဆင့်မြှင့်တင်နေတာကို အတည်ပြုနိုင်ပြီး အဲဒီမှာ တရုတ်က မဟာဗျူဟာ အခြေစိုက် လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတဲ့ အိန္ဒိယရဲ့ သံသယကို ပိုမို အရှိန်မြှင့်တင်ပေးနေတယ်လို့ India Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

(ကိုးကိုကျွန်း​ပေါ်မှာ စစ်တပ်အ​ခြေခံအ​ဆောက်အအုံ​တွေကို လပိုင်းအတွင်းအလျှင်အမြန်တိုးချဲ့​လာနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-Maxar Technologies)
(ကိုးကိုကျွန်း​ပေါ်မှာ စစ်တပ်အ​ခြေခံအ​ဆောက်အအုံ​တွေကို လပိုင်းအတွင်းအလျှင်အမြန်တိုးချဲ့​လာနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-Maxar Technologies)

အာရှတိုက်ရဲ့ အင်အားကြီး နှစ်နိုင်ငံဟာ ပထဝီဝင် နိုင်ငံရေး နယ်ပယ်မှာ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြသလို အိန္ဒိယ သမုဒ္ဒရာ ရေပြင်ဖက် တရုတ်ရဲ့ ဩဇာချဲ့ထွင်ဖို့ ကြိုးစားလာမှုတွေကိုလည်း အိန္ဒိယက သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

အာဏာရှင်ဟောင်း နေဝင်းဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်က တစ်ကျွန်းကျ တရားခံတွေကို ပို့ဆောင်လေ့ရှိတဲ့ ကိုကိုးကျွန်းဟာ အခုအခါမှာတော့ မြို့နယ်တစ်ခုအသွင် ပြောင်းလဲ ဖွဲ့စည်းထားပြီး စစ်အခြေစိုက် စခန်းတစ်ခုလည်း ထားရှိပါတယ်။ အဲဒီ မြန်မာ စစ်စခန်းမှာ တရုတ်စစ်သားတွေပါ အခြေစိုက်ပြီး ဒေသတွင်း စစ်ထောက်လှမ်းရေး ကွန်ရက်ကို ဖြန့်ကျက်ထားတယ်လို့ အိန္ဒိယက ယုံကြည်နေပေမယ့် လက်ဆုပ်လက်ကိုင်တော့ သက်သေ မပြနိုင်ခဲ့ပါဘူး။

(ကိုးကိုကျွန်း​ပေါ်မှာ စစ်တပ်အ​ခြေခံအ​ဆောက်အအုံ​တွေကို လပိုင်းအတွင်းအလျှင်အမြန်တိုးချဲ့​လာနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-Maxar Technologies)
(ကိုးကိုကျွန်း​ပေါ်မှာ စစ်တပ်အ​ခြေခံအ​ဆောက်အအုံ​တွေကို လပိုင်းအတွင်းအလျှင်အမြန်တိုးချဲ့​လာနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-Maxar Technologies)

ဇန်နဝါရီလနောက်ပိုင်းမှာတော့ ကိုကိုးကျွန်းကြီး အပိုင်းမှာ အသစ်တည်ဆောက်ထားတဲ့ လေယာဉ်ရုံ နှစ်ခုအပြင် မြောက်ပိုင်းမှာလည်း အဆောက်အအုံသစ်တွေ တိုးလာတာကို တွေ့ရတယ်လို့ အိန္ဒိယက ဆိုပါတယ်။ နောက်ပြီး လေယာဉ်ပြေးလမ်း အရှည်ကိုလည်း တိုးချဲ့ထားတာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ အတည်ပြုနိုင်ပါတယ်။ ပြီးတော့ အကြီးစား ဆိပ်ခံတံတား တစ်ခုပါ တည်ဆောက် ပြီးစီးနေတာကြောင့် ရေတပ် လှုပ်ရှားမှုတွေ အရှိန်မြှင့်လာနိုင်တယ်လို့လည်း အိန္ဒိယ စစ်ဘက် ထောက်လှမ်းရေးတွေရဲ့ အဆိုကို ကိုးကားပြီး India Todayက ဖော်ပြခဲ့ပါတယ်။