Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကနေဒါ နိုင်ငံရေးသိပ္ပံပါမောက္ခနှင့် ကျောင်းသားများလာရောက်တွေ့ဆုံ

ထို့အပြင် ပါမောက္ခနှင့်အဖွဲ့သည် မြန်မာနိုင်ငံအတွက် လိုအပ်သည်များ အကူအညီပေးနိုင်ရေးနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းမှုများကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားခဲ့သည်။

ဓာတ်ပုံ - Lewis Lynn
ဓာတ်ပုံ - Lewis Lynn

စစ်တပ်မှ မြန်မာပြည်သူများအပေါ် သတ်ဖြတ်နေမှုများ၊ ကျူးလွန်နေမှုများ ဆွေးနွေး

ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကနေဒါနိုင်ငံ Montmorency College မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ (Political Science Professor) Ms. Valerie Lafrance ဦးဆောင်၍ နိုင်ငံရေးသိပ္ပံ ကျောင်းသား၊ကျောင်းသူ နှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၉)ဦးက ယမန်နေ့ (ဧပြီ ၃) တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးက အသိပေးသည်။

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် စစ်တပ်၏ မတရားအာဏာသိမ်းရန် ကြိုးပမ်းမှု၊ မြန်မာပြည်သူများအပေါ် ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်နေမှု၊ လူအစုအလိုက် အပြုံလိုက်၊ သတ်ဖြတ်နေမှု၊ လေယာဉ်များဖြင့် ပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်နေမှု၊ ပြည်သူများ၏ အသက်အိုးအိမ်များအား မီးရှို့ဖျက်စီးနေမှု၊ လူအများအပြားအား အိုးမဲ့အိမ်မဲ့ ဖြစ်စေမှု စသည့် ကျူးလွန်နေမှုများကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေမှု၊ စစ်တပ်အာဏာသိမ်းခြင်းအား လက်မခံမှု၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိလျှင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးဆောင်ရွက်နေမှု တို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပါမောက္ခနှင့်အဖွဲ့သည် မြန်မာနိုင်ငံအတွက် လိုအပ်သည်များ အကူအညီပေးနိုင်ရေးနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းမှုများကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ တော်လှန်ရေး အရှိန်အဟုန်မြင့်မားနေသည်နှင့်အတူ နိုင်ငံတကာ တက္ကသိုလ်များမှ နိုင်ငံရေးသိပ္ပံကျောင်းသားများ ဥပဒေရေးရာကျောင်းသားများ လူ့အခွင့်အရေးနှင့်ပတ်သက်သော ဘာသာရပ်သင် ကျောင်းသားများ၊ ပါမောက္ခများက သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်မှ Columbia University၊ Tufts University၊ Cornell University တို့မှလည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။