Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်တွင် စစ်ကောင်စီခန့် မြို့ကောင်စီဝင်နှင့်အပေါင်းပါများက ချိတ်ပိတ်ခံရသည့်အိမ်ဖောက်ဝင်ပြီး စာရွက်စာတမ်းများခိုးယူကာ နေအိမ်တစ်လုံးရောင်းစား

အထက်ပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး ချိတ်ပိတ်ခံရသည့်အိမ်သို့ဖောက်ထွင်းဝင်ရောက်စဥ် စာရွက်စာတမ်းများခိုးယူပြီး လူမနေသည့်အိမ်တစ်လုံးအား လက်ညှိုးထိုးရောင်း စားခဲ့သည်ဆိုသော NON-CDM ဆရာမ ဒေါ်ကြော့ကြော့မြင့်မိုရ်ထံ ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရသေးပေ။

(ပိုင်ဆိုင်မှုစာရွက်စာတမ်းများခိုးယူ၍ ပြည်သူပိုင်နေအိမ်နစ်လုံးအား ရောင်းစားခဲ့သည်ဆိုသော ဗိုလ်မှူးအေးချမ်းအောင်၊ တပ်ပြေးဗိုလ်ပြည့်စုံနှင့် ဇနီးဖြစ်သူတို့အားတွေ့ရစဥ်)
(ပိုင်ဆိုင်မှုစာရွက်စာတမ်းများခိုးယူ၍ ပြည်သူပိုင်နေအိမ်နစ်လုံးအား ရောင်းစားခဲ့သည်ဆိုသော ဗိုလ်မှူးအေးချမ်းအောင်၊ တပ်ပြေးဗိုလ်ပြည့်စုံနှင့် ဇနီးဖြစ်သူတို့အားတွေ့ရစဥ်)

ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှ စစ်ကောင်စီခန့် မြို့နယ်စီမံခန့်ခွဲရေးကောင်စီဝင် ဗိုလ်မှူးတစ်ဦးနှင့် အပေါင်းအပါနှစ်ဦးက ချိတ်ပိတ်ခံထားရသော နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ ခိုးယူခံခဲ့ရကြောင်း ကာယကံရှင်ဖြစ်သူ NLD ပါတီ အမတ်ဟောင်း ဒေါ်လှလှဝင်းက People’s Spring သတင်းဌာနသို့ ပြောသည်။

မြို့စီမံကောင်စီဝင်ဗိုလ်မှူးအောင်ချမ်းအောင်နှင့် ၎င်း၏ကြံရာပါ တပ်ပြေးဗိုလ်ပြည့်စုံနှင့် ဇနီးဖြစ်သူ NON-CDM ဆရာမ ဒေါ်ကြော့ကြောမြင့်မိုရ်ဆိုသူများက အမတ်ဟောင်း ဒေါ်လှလှဝင်း၏နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ဖောက်ထွင်းဝင်ရောက်စဥ် ခိုးယူလာခဲ့သော စာရွက်စာတမ်းများမှ ရွှေကျင်မြို့ ကျွဲတဲကွက်သစ်ရှိ ပေ ၄၀ × ၆၀ အကျယ်ရှိသော မြေကွက်ဝယ်ယူထားသည့် စာချုပ် တွေ့ရှိရာမှ ထိုမြေနှင့် တစ်ထပ်တိုက်အဆောက်အအုံတစ်လုံးကို ပိုင်ရှင်များရှောင်တိမ်းနေစဥ် အခြားသူတစ်ဦးထံ ကျပ်သိန်း ၁၂၀ဖြင့် လက်ညှိုးထိုးရောင်းစားခဲ့သည်ဟု ဒေါ်လှလှဝင်းက ရှင်းပြသည်။

(ပိုင်ဆိုင်မှုစာရွက်စာတမ်းများခိုးယူ၍ ပြည်သူပိုင်နေအိမ်နစ်လုံးအား ရောင်းစားခဲ့သည်ဆိုသော ဗိုလ်မှူးအေးချမ်းအောင်၊ တပ်ပြေးဗိုလ်ပြည့်စုံနှင့် ဇနီးဖြစ်သူတို့အားတွေ့ရစဥ်)
(ပိုင်ဆိုင်မှုစာရွက်စာတမ်းများခိုးယူ၍ ပြည်သူပိုင်နေအိမ်နစ်လုံးအား ရောင်းစားခဲ့သည်ဆိုသော ဗိုလ်မှူးအေးချမ်းအောင်၊ တပ်ပြေးဗိုလ်ပြည့်စုံနှင့် ဇနီးဖြစ်သူတို့အားတွေ့ရစဥ်)

“ဒီဖြစ်စဥ်မှာ ဘယ်သူပါလဲဆိုရင် မြို့နယ်စီမံခန့်ခွဲရေးကောင်စီဝင် ဗိုလ်မှူးအေးချမ်းအောင်က အဓိကကျတယ်။ကျွန်မအိမ်(ချိတ်ပိတ်ခံထားရသောအိမ်)ထဲကို ဝင်ခိုင်းတာလည်း သူပဲ။ ဝင်ပြီးတဲ့အခါမှာလည်း အတွင်းပစ္စည်းတွေကိုယူတယ်။ စာရွက်စာတမ်းတွေကိုယူတယ်။ အဲတော့ ဒီလိုမတရားလုပ်တာကိုမခံနိုင်လို့ ခုလိုထုတ်ပြောရတာပါ”ဟု ဒေါ်လှလှဝင်းက ပြောသည်။

အဆိုပါ ကျွဲတဲရပ်ကွက်မှ နေအိမ်သည် ၎င်း၏သားပိုင်ဆိုင်သော အိမ်တစ်လုံးဖြစ်ပြီး ယင်းအိမ်အား ဗိုလ်မှူးအေးချမ်းအောင်နှင့် တပ်ပြေးဗိုလ်ပြည်စုံလင်မယားနှစ်ဦးပူးပေါင်းကာ ဧပြီ ၃ရက်က အခြားသူတစ်ဦးထံ ရောင်းစားခဲ့ခြင်းဖြစ်သည်ဟု ဒေါ်လှလှဝင်းက ရှင်းပြသည်။

အထက်ပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး ချိတ်ပိတ်ခံရသည့်အိမ်သို့ဖောက်ထွင်းဝင်ရောက်စဥ် စာရွက်စာတမ်းများခိုးယူပြီး လူမနေသည့်အိမ်တစ်လုံးအား လက်ညှိုးထိုးရောင်း စားခဲ့သည်ဆိုသော NON-CDM ဆရာမ ဒေါ်ကြော့ကြော့မြင့်မိုရ်ထံ ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရသေးပေ။

စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များသည် ပြည်သူပိုင်နေအိမ်များအား ဖောက်ထွင်းဝင်ရောက်ခြင်း၊ အတွင်း ပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းများခိုးယူခြင်း၊ နေအိမ်များအား ရိုက်နှက်ဖျက်ဆီးခြင်းနှင့် မီးတင်ရှို့ခြင်းများကို ဒေသအနှံ့အပြား၌ ကျူးလွန်လျှက်ရှိသည်။