Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်၌ မတ်လအတွင်း စစ်ဆင်ရေးလေးကြိမ်တွင် သေနတ်လေးလက်နှင့် ကျည်များသိမ်းဆည်းရမိဟု ပကဖ ပြော

မတ်လ ၇ ရက်က ကျွဲကျကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကူလာရန်ပြင်ဆင်နေသော ဆည်တော်ဘက်မှ ပျူများအား တိုက်ခိုက်ရာ ဦးဆောင်သူ စကားပင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ပျူတစ်ဦးအားရှင်းလင်းနိုင်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ​ပြောသည်။

(သိမ်းဆည်းရမိသည့်လက်နက်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မတ္တရာ(ပကဖ))
(သိမ်းဆည်းရမိသည့်လက်နက်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မတ္တရာ(ပကဖ))

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်း မတ်လအတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား လေးကြိမ် တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး သေနတ် လေးလက်နှင့် ကျည်များ သိမ်းဆည်းရမိကြောင်း မတ္တရာ(ပကဖ) တာဝန်ခံက ပြောသည်။

မတ်လ ၇ ရက်က ကျွဲကျကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကူလာရန်ပြင်ဆင်နေသော ဆည်တော်ဘက်မှ ပျူများအား တိုက်ခိုက်ရာ ဦးဆောင်သူ စကားပင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ပျူတစ်ဦးအားရှင်းလင်းနိုင်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ​ပြောသည်။

အဆိုပါစစ်ဆင်ရေးမှ ကာဘိုင် တစ်လက်၊ ပွိုင့်တူးတူး သုံးလက်၊ ကာဘိုင်ကျည် အတောင့် ၆၀၊ ပွိုင့်တူးတူး သုံးတောင့်ကို မတ္တရာ(ပကဖ)က သိမ်းဆည်းနိုင်ခဲ့သည်။

မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်ကလည်း မတ္တရာမြို့နယ်၊ ကြားရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးရဲသန်းနှင့်ပျူများအား ဝင်ရောက်ရှင်းလင်းရာ အုပ်ကြီးနှင့်ပျူတစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ ကာဘိုင် နှစ်လက်၊ ကာဘိုင်ကျည် အ​တောင့် ၂၀၊ ကျည်ဘောက် နှစ်ခုသိမ်းဆည်းနိုင်ခဲ့ကြောင်း ပကဖအဖွဲ့က ​ပြောသည်။

Public Service Announcement
Public Service Announcement

“ပထမလက်နက်ရရှိတဲ့ဖြစ်စဥ်က ကျွဲကျမှာ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ ပျူတွေကလူစုပြီး တပ်ကူလာမယ့်သဘောကြားတဲ့အတွက် ဖြတ်တောက်တိုက်ခိုက်ခဲ့တာပါ။ ဒုတိယဖြစ်စဥ်က ပျူတွေတော်တော်သောင်းကျန်းနေတယ်လို့သတင်းရလို့ ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ ပျူခေါင်းဆောင်အိမ်ပတ်ပတ်လည်မှာ ပျူတွေဖြစ်နေတယ်။ ရှိမှန်းတော့သိတယ်။ အဲလောက်များမှန်းမသိဘူး။၇အိမ်လောက်ကပျူတွေထွက်ပစ်တယ်။”ဟု မတ္တရာ(ပကဖ)၏ တာဝန်ခံက ပြောသည်။

မတ်လ ၁၈ ရက် နံနက် ၆ နာရီခွဲခန့်က မတ္တရာနယ်အရှေ့ပိုင်း လက်ဝဲကြီးရွာနှင့် ကျောက်တံတားရွာကြား၌ မိုင်းရှာနေသော စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ဆက်ပြောသည်။

မတ်လ ၃ဝ ရက် နံနက် ၈ နာရီဝန်းကျင်ကလည်း မတ္တရာ(ပကဖ)နှင့် နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းပြီး ကင်းရွာတောင်ပိုင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ပကဖက ထုတ်ပြန်ထားသည်။