Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာကို စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ

စစ်တပ်က ဧပြီ ၁၁ ရက်တွင် ​YAK-130 ဖြင့် ​ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချပြီး MI-35 ရဟတ်ယာဥ်များဖြင့်ပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၁၆၈ ဦး ​သေဆုံးပြီး ဒဏ်ရာရသူ ၇၀ ဦးခန့်ရှိခဲ့သည်။

(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘက်သို့ သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသည် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းခွဲတက်လာ၍ကျေးရွာ (၇ )ရွာမှ စစ်ဘေးရှောင်အရပ်သားများထပ်မံထွက်ပြေးနေရကြောင်း ​ဒေသခံများက​ပြောသည်။

၁၂ ဘီးကားနှစ်စီး၊ ကားအသေးနှစ်စီးဖြင့် သပိတ်ကျင်းမြို့နယ်ဘက်မှ ယမန်နေ့ညနေက လာသောစစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့(ဧပြီ ၁၉ရက်)နံနက် ၁၀နာရီခန့်တွင် ပဇီကြီးရွာနှင့် နှစ်မိုင်ခန့်အကွာသို့ ရောက်ရှိလာသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သပိတ်ကျင်းဘက်ကနေလာတာ။လက်နက်ကြီးတွေလည်းပါတယ်။ ည၁၁ နာရီလောက်မှာ တွေ့တဲ့ မော်တော်တွေ ချောဆွဲပြီး မလည်ရွာကို ရောက်တယ်။ မလည်ပြည့်သူ့ဆေးရုံထဲမှာ ညကတပ်စွဲတယ်။ ဒီနေ့မနက် ၆ နာရီကစပြီး မလည်ရွာရဲ့ အနောက်ကနေတစ်ကြောင်း၊တောင်ဘက်ကနေ တ‌စ်ကြောင်း ပဇီကြီးရွာကို ဝိုက်တက်နေတယ်။ အခုရွာနားကို ရောက်နေပြီ”ဟု ဒေသခံတဦးကပြောသည်။

(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်ရွာနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စပယ်နဂိုရွာသည် ဧရာဝတီမြစ်ခြားလျှက် ဟိုဘက်ဒီဘက် တည်ရှိနေသော ရွာဖြစ်သည်။

စစ်ကောင်စီတပ်သည် စပယ်နဂိုကျေးရွာ ဘောလုံးကွင်းအတွင်း လက်နက်ကြီးများတပ်ဆင်ထားပြီး မြေပြင်တိုက်ပွဲဖြစ်ပါက လက်နက်ကြီးအသုံးပြုလာနိုင်သည်ဟု စပယ်နဂို‌ဒေသခံတစ်ဦးလည်းပြောသည်။

” ပဇီကြီးရွာက မလည်ရွာနဲ့ ၄မိုင်ပဲ ဝေးတယ်။ စပယ်နဂိုကနေ လက်နက်ကြီးနဲ့ ပစ်ရင် အေးဆေးရောက်တယ်။ အဲ့ဒီလိုဆိုတော့ ပဇီကြီး တိုက်ခိုက်မှုနောက်ပိုင်း ပြေးနေကြရတဲ့ ရွာ ခုနှစ်ရွာလောက်ကညက‌​ရော ဒီမနက်ပါ ထပ်ပြေးနေရတယ်”ဟုရွာသာယာဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ပဇီကြီး၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းသတင်းရရှိသည်။