Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ

တရုတ်ကတော့ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ တင်ပို့နေတာမျိုး လုံးဝ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ အခု ဗလာဆီယက်ခ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့က ဘာမှ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ
ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ

သိမ်းဆည်းရမိတဲ့ ရုရှား စစ်လက်နက်တွေမှာ တရုတ်လုပ် အစိတ်အပိုင်းတွေ တွေ့ရှိမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ ယူကရိန်း အစိုးရက ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး အရာရှိ တစ်ဦးဖြစ်တဲ့ ဗလာဒီဆလက်ဗ် ဗလာဆီယက်ခ်က ရုရှား စစ်လက်နက်တွေမှာ တရုတ်လုပ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုမို တွေ့ရှိလာတဲ့အပေါ် စိုးရိမ်မိကြောင်း Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဝန်ခံ အတည်ပြုသွားပါတယ်။ ဗလာဆီယက်ခ်က အရေးယူ ပိတ်ဆို့မှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဇီလန်စကီးကို အကြံပေးနေတဲ့ အရာရှိ ဖြစ်ပါတယ်။

ရုရှားဟာ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ဘက်ပေါင်းစုံ တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုတွေကြောင့် လက်နက် ထုတ်လုပ်ရေး ကုန်ကြမ်းတွေ ရရှိဖို့ ပိုမို ခက်ခဲ ကျပ်တည်းလာကြောင်း၊ ဒီအခြေအနေမှာ တရုတ်ရဲ့ အကူအညီတွေ ဆက်ရနေမယ်ဆိုရင် ရုရှားအတွက် အသက်ရှူပေါက် ပြန်ချောင်သွားနိုင်ကြောင်း ဗလာဆီယက်ခ်က ဆိုပါတယ်။

တရုတ်ကတော့ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ တင်ပို့နေတာမျိုး လုံးဝ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ အခု ဗလာဆီယက်ခ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့က ဘာမှ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ယူကရိန်း စစ်ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားတပ်တွေ အသုံးပြုနေတဲ့ Orlan မောင်းသူမဲ့လေယာဉ် (ဒရုန်းတွေ)ရဲ့ လမ်းပြစနစ်တွေ၊ ရုရှားတင့်ကားတွေရဲ့ ပစ်ခတ်မှု ထိန်းချုပ်စနစ်တွေမှာ တရုတ် နည်းပညာ အစိတ်အပိုင်းတွေကို တွေ့ရှိလာရကြောင်း သိရပါတယ်။ အရင်က အဲဒီ နေရာတွေမှာ ဆွစ်ဇာလန်နဲ့ ပြင်သစ်လုပ် အစိတ်အပိုင်းတွေကို အသုံးပြုလေ့ ရှိပါတယ်။

တကယ်တမ်းမှာတော့ ရုရှားလုပ် စစ်လက်နက်တွေ သိမ်းဆည်းရမိတဲ့ထဲမှာ တရုတ်က ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေ အများကြီးကို တွေ့ရှိနေတယ်လို့ ဗလာဆီယက်ခ်က ဆက်ပြောပါတယ်။ ဒါ့အပြင် မူရင်းနိုင်ငံကို အတိအကျ မသိရတဲ့ အစိတ်အပိုင်းတွေကိုလည်း အနောက်မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက အတည်ပြုသွားပါတယ်။