Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့လယ်ရှိ မြို့မရဲစခန်းကို PDFများက ပစ်ခတ်တိုက်ခိုက်

ထိုစစ်ဆင်ရေးအား ဘာမဏီပျောက်ကြားတပ်ဖွဲ့၊GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း(ပကဖ)များနှင့်မြိုင် (ပကဖ) ရင်း(၁) ခွဲ (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြိုင်မြို့နယ် လင်းကတောရဲစခန်းကို ၂၀၂၂ ဇန်နဝါရီ ၂၉ရက်က ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ​ - မြိုင်(ပကဖ)
မြိုင်မြို့နယ် လင်းကတောရဲစခန်းကို ၂၀၂၂ ဇန်နဝါရီ ၂၉ရက်က ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ​ - မြိုင်(ပကဖ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့လယ်ရှိ မြို့မရဲစခန်းကို ​ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယမန်နေ့ (ဧပြီ၂၄ ရက်) နံနက် ၇နာရီခန့်က မြိုင်မြို့တွင်းသို့ဝင်ရောက်ကာ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“ကား၃စီးနဲ့ ရဲစခန်းနားအထိလာပြီးလက်နက်ကြီးနဲ့ ပစ်ခတ်သွားတယ် ပြောတယ်။ ထိခိုက်မူတော့မသိဘူး။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်း ၈ နာရီခန့်တွင်လည်း မြိုင်မြို့ရဲစခန်းဝန်းကျင်၌ ပစ်ခတ်သံများကြားခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

ထိုစစ်ဆင်ရေးအား ဘာမဏီပျောက်ကြားတပ်ဖွဲ့၊GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း(ပကဖ)များနှင့်မြိုင် (ပကဖ) ရင်း(၁) ခွဲ (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ကျေးရွာ၊ ဆေးရုံနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေသည်။