Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် စစ်အုပ်စုအား သုံးကြိမ်တိုင် တိုက်ခိုက်

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုင်းများအား တွေ့ရစဥင်္ ဓာတ်ပုံ-မြိုင်(ပကဖ)
တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုင်းများအား တွေ့ရစဥင်္ ဓာတ်ပုံ-မြိုင်(ပကဖ)

▪️စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေပြီး ရဲဘော်တစ်ဦး ကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲစခန်းနှင့် ပျူစောထီးစခန်းကြားရှိ ကင်းပုန်းဝပ်စစ်ကောင်စီတပ် သားများနှင့် ယာဥ်များအား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ၅ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လယျာ်က ပြောကြားသည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) နံနက် ၆နာရီခန့်က မြိုင်မြိုင်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း၁ ၊ တပ်ခွဲ(၁)နှင့် တပ်ခွဲ – ၄ (စကြာ်)တို့ပူးပေါင်း ၍ ကိုင်းတောမရဲစခန်းနှင့် သရက်ကန် ပျူစခန်းကြားတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ငါးဦးလုံး သေဆုံးနိုင်ကြောင်း ဗိုလ်လယျာ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွာရေးတပ်ဖွဲ့တပ်ရင်း (၁) ၊ တပ်ခွဲ (၁)၊တပ်ခွဲ (၂ ) (ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ နံနက် ၁၀နာရီခန့်တွင်လည်း သရက်ကန်ပျူစခန်းမှ ထွက်လာသော စစ်ကောင်စီ၏ FAWကား တစ်စီးအား သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ FAWကားမှာ ပျက်စီးသွားပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေကြောင်း မြိုင်ပကဖအဖွဲ့က ဆိုသည်။

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

“ mission ၃ ခုလုံးက ရဲစခန်းတွေ ပျုစခန်းတွေနဲ့နီးတယ်။ တစ်မိုင်တောင်မကွာဘူး။ ရဲဘော်တစ်ယောက်ကျတဲ့ဖြစ်စဥ်မှာ မိုင်းခွဲပြီး ပြန်အဆုတ်မှာ ကင်းပုန်းတွေရဲ့ပစ်ခတ်တာကို ခံလိုက်ရတာပါ။ ကျတဲ့ရဲဘော်က အသက်၂၅ နှစ်ပဲ ရှိသေးတယ်။” ဟု ဗိုလ်လယျာ်က ပြောသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီစခန်းများအပြင် ပျုရွာများကိုပါ တိုက်ခိုက်နေပြီး မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များက သရက်ကွရွာပျူစခန်းကို နှစ်ရက်အတွင်း သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့​ရာ ပျူခေါင်းဆောင်နေအိမ်အပါအဝင် ပျူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

သတင်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။