Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးအင်းလျားကွန်ဒို ရင်းနှီးမြှုပ်နှံခြင်းဖြင့် တော်လှန်ရေးပါဝင်ကြရန် ကော်ဘရာ စစ်ဆင်ရေးမှူးတိုက်တွန်း

အိပ်ခန်း တစ်ခန်း၊နှစ်ခန်းနှင့် သုံးခန်းပါဝင်သည့် ကွန်ဒိုများဖြစ်ပြီး စတုရမ်းပေ ၆၀၀ , ၉၀၀ နှင့် ၁၂၀၀ အထိကျယ်ဝန်းမည်ဖြစ်သည်။

နွေဦးအင်းလျားကွန်ဒို ရင်းနှီးမြှုပ်နှံခြင်းဖြင့် တော်လှန်ရေးပါဝင်ကြရန် ကော်ဘရာ စစ်ဆင်ရေးမှူးတိုက်တွန်း
နွေဦးအင်းလျားကွန်ဒို ရင်းနှီးမြှုပ်နှံခြင်းဖြင့် တော်လှန်ရေးပါဝင်ကြရန် ကော်ဘရာ စစ်ဆင်ရေးမှူးတိုက်တွန်း

ပြည်သူများအနေဖြင့် နွေဦးအင်းလျားကွန်ဒို စီမံချက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် တော်လှန်ရေး ပါဝင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေ၌ စစ်ကောင်စီတပ်အထိနာအောင် တိုက်ခိုက်နေသည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ပြုလုပ်တဲ့ Spring Inya Condominium (နွေဦးအင်းလျား ကွန်ဒို) စီမံချက်မှာ ရင်းနှီးမြှပ်နှံရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသရှိ Cobra Colum စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော၏ တိုက်တွန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

“ဒီနွေဦးတော်လှန်ရေးဟာ စနစ်တစ်ခုကို ကာကွယ်တာဖြစ်ပြီး လူသားဝါဒကိုကာကွယ်တာလည်းဖြစ်တယ်။ အာဏာရှင်စနစ် အဆုံးသတ်စေမယ့် ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်ခွင့်ရတာလောက် ဂုဏ်ယူစရာမရှိပါဘူး”ဟု ကော်ဘရာ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောသည်။

နှစ်နှစ်ကျော်ကြာလာသော်လည်း နွေဦးတော်လှန်ရေးကို ဇွဲ၊သတ္တိအပြည့်ဖြင့် ဦးတည်ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ဒီနွေဦးတော်လှန်ရေးမှာ ရင်းနှီးမြှုပ်နှံတာလောက် ကြီးမားတဲ့ အကျိုးအမြတ် ရှိလိမ့်မယ်မထင်ဘူး။ ဒါကြောင့်မို့ ကျနော့်အနေနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို တိုက်တွန်းလိုတာက ဝန်ကြီးဌာနကနေ အခုပြုလုပ်တဲ့ နွေဦးအင်းလျားကွန်ဒိုမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ဒါဘောက ပြောသည်။

အာဏာရှင် နိဂုံး ၂၀၂၃ ဆိုသည့် ကြွေးကြော်သံမှာ သာမန်ကြွေးကြော်သံတစ်ခုမျှသာ မဟုတ်ဘဲ စနစ်တကျ စီမံညှိနှိုင်း ပြင်ဆင်ထုတ်ပြန်ထားသည့် တိုက်ပွဲခေါ်သံဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ယခု နှစ်အတွင်း ရန်သူ့စခန်းသိမ်း တိုက်ပွဲ ၄၄ ခုကို ဆင်နွှဲခဲ့ကြောင်း ဖော်ပြကာ တော်လှန်ရေးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် မောင်းနှင်နေပြီဖြစ်ကြောင်း အသိပေးထားသည်။

ထိုသို့ တော်လှန်ခွန်အားများ ဖြည့်ရာ၌ အာဏာရှင်စနစ် အဆုံးသတ်ရေးဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သည့် အာဏာရှင်နိဂုံး- EOD (End of Dictatorship)အစီအစဥ် များသည် အထူးအရေးပါသည့် ခွန်အားများဖြစ်ကြောင်းလည်းအသိပေးသည်။

နွေဦးတော်လှန်ရေးဘဏ္ဍာငွေရန်ပုံငွေအတွက် ပါရမီလမ်းပေါ်ရှိ စစ်ကောင်စီပိုင် မြေနေရာ ဧက ၃၀တွင် နွေဦးအင်းလျားကွန်ဒို (Spring Inya Condo)ရောင်းချမည်ဟု NUG၏ ရန်ပုံငွေရှာဖွေရေးအဖွဲ့(EOD)က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကသိမ်းယူထား​သော မြေဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက်ရှိ နေရာတွင် ကွန်ဒိုတိုက်ခန်းပေါင်း ၇၅၀ ကိုအ​ကွက်​ဖော်၍ ရောင်းချခြင်းဖြစ်သည်။

အိပ်ခန်း တစ်ခန်း၊နှစ်ခန်းနှင့် သုံးခန်းပါဝင်သည့် ကွန်ဒိုများဖြစ်ပြီး စတုရမ်းပေ ၆၀၀ , ၉၀၀ နှင့် ၁၂၀၀ အထိကျယ်ဝန်းမည်ဖြစ်သည်။

ဧပြီ ၂၉ ရက်မှစ၍ ကွန်ဒိုတိုက်ခန်းများကိုရောင်းချရာတွင် တယောက်အိပ်ခန်းအတွက် ဒေါ်လာ ၂၉,၂၅၀၊ အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းအတွက် ဒေါ်လာ ၄၂,၀၀၀ နှင့် အိပ်ခန်း သုံးခန်းပါတိုက်ခန်းအတွက် ဒေါ်လာ၅၄,၀၀၀ ဖြစ်သည်။ တော်လှန်ရေးကာလအတွင်း ၄၀ ရာခိုင်နှုန်းကို ၆လအတွင်းကြိုတင်ပေးသွင်းရမည်ဖြစ်သည်။