Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတွင် ပျုခေါင်းဆောင်တစ်ဦးက အရပ်သားဇနီးမောင်နှံအား သတ်ဖြတ်

တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင် နေထိုင်သော လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးအား ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဧပြီ ၂၆ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(ပျုစောထီးခေါင်းဆောင် ချမ်းမြေ့အား တွေ့ရစဥ်)
(ပျုစောထီးခေါင်းဆောင် ချမ်းမြေ့အား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့မှ ပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဒေသခံပြည်သူနှစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင် နေထိုင်သော လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးအား ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဧပြီ ၂၆ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

” မုန့်လုပ်ရောင်းနေတဲ့ လင်မယားကို ချမ်းမြေ့တို့အုပ်စုကသတ်သွားတာ။ ကောင်မလေးနာမည်က ဥမ္မာဝင်း။ ချမ်းမြေ့က စစ်တပ်လုံခြုံရေးယူပြီး ထင်တိုင်းကြဲနေတာ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ချမ်းမြေ့သည် တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင်နေထိုင်ပြီး အဆိုပါ ရပ်ကွက်၏ ပျူစောထီးခေါင်းဆောင်အဖြစ် စစ်ကောင်စီနှင့် ပူးပေါင်းနေသူဖြစ်သည်။ ၎င်းဦးဆောင်သည့် ပျူစောထီးအဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသည့် ဒေသခံပြည်သူငါးဦးထက်မနည်းကို သတ်ဖြတ်ထားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၂၄ရက်က ငွေလဲလုပ်ငန်းလုပ်ဆောင်သော ကိုရာဂျူးဆိုသူကို တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်အတွင်း ချမ်းမြေ့ဦးဆောင်သောအဖွဲ့က သတ်ဖြတ်ပြီး ငွေသိန်းတစ်ရာကျော်၊ ဖုန်းနှင့်ဆိုင်ကယ်ကို လုယက်ယူဆောင်သွားသည်ဟု ဒေသခံများက‌ ပြောသည်။