Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်ပတ်အတွင်း ခင်ဦးမှာ အိမ်ခြေ ၅၀၀ ခန့်မီးရှို့ခံရ

မြို့သစ်ကျေးရွာမှာ အိမ်ခြေ ၄၀၀ကျော် ၊တပင်ကျောင်းတောင်ရွာ အိမ်ခြေ ၂၅ လုံး နဲ့ ကံကြီးကုန်းရွာမှာ အိမ် ၁ လုံးမီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်အဖွဲ့ရဲ့ စာရင်းမှာတွေ့ရပါတယ်။

ဓာတ်ပုံ − ခင်ဦးသတင်းမှန်
ဓာတ်ပုံ − ခင်ဦးသတင်းမှန်

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ တစ်ပတ်အတွင်း ကျေးရွာ သုံးရွာက အိမ်ခြေ ၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ဒေသတွင်းသတင်းရင်းမြစ် ခင်ဦးမြို့နယ် သတင်းမှန်အဖွဲ့ထံကသိရပါတယ်။

ခင်ဦးမြို့နယ်ထဲ အင်အား ၁၅၀ကျော်နဲ့စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြို့သစ်ကျေးရွာ ၊ တပင်ကောင်းတောင်ရွာ ၊ ကံကြီးကုန်းရွာတွေကို ဧပြီလ ၁၉ ရက်ကနေ ဧပြီလ ၂၅ ရက်အတွင်းမီးရှို့ခဲ့တာပါ။

မြို့သစ်ကျေးရွာမှာ အိမ်ခြေ ၄၀၀ကျော် ၊တပင်ကျောင်းတောင်ရွာ အိမ်ခြေ ၂၅ လုံး နဲ့ ကံကြီးကုန်းရွာမှာ အိမ် ၁ လုံးမီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်အဖွဲ့ရဲ့ စာရင်းမှာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ဒီလို ရွာစဉ်ပတ် မီးရှို့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဧပြီလ ၁၉ ရက်က ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း မြကန်ရွာအနီး ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ရာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။

ဒါအပြင် စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံအမျိုးသား ၅ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ကို ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အာဏာသိမ်းချိန်ကစပြီးခင်ဦးမြို့နယ်အတွင်းကျေးရွာ ၇၀ မှာ နေအိမ် အလုံး ၅,၀၀၀ ခန့်မီးရှို့ခံခဲ့ရပါတယ်။