Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့တွင်စစ်​ကောင်စီတပ်ကို PDF များတိုက်ခိုက်

” စစ်တပ်ဘက်က ရှစ်ယောက်သေတယ်လို့ သတင်းပြန်ရတယ်။တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(မြင်းခြံခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ကိုတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ဓါတ်ပုံ- MGN District Army)
(မြင်းခြံခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ကိုတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ဓါတ်ပုံ- MGN District Army)

မြင်းခြံမြို့‌ပေါ်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြင်းခြံခရိုင်တပ်ရင်း(၃) ဦးဆောင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက်အစောပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူက​ပြောသည်။

မြင်းခြံမြို့ အမှတ် (၆ )ရပ်ကွက်ရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၉ရက် နံနက် ၄နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃ )ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

အဆိုပါယာယီစခန်းတွင်စစ်​ကောင်စီတပ်သားနှင့် ပျူ ​စောထီး ပုံမှန်​နေ့များတွင် ၁၅ ဦး​ကျော်ရှိ​သော်လည်း PDF များသွား​ရောတိုက်ခိုက်ချိန်တွင် အင်အားတိုးထားပြီး ၂၅ ​ယောက်ခန့်ရှိ​နေ​ကြောင်း ၎င်းက​ဆက်​ပြောသည်။ တိုက်ခိုက်မှုတွင် စစ်သား၊ပျူနှင့်ရဲ ၈ ဦး​သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြန်ကြားရေးတာဝန်ခံက​ပြောသည်။ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement
Public Service Announcement

” စစ်တပ်ဘက်က ရှစ်ယောက်သေတယ်လို့ သတင်းပြန်ရတယ်။တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ခိုက်မှုသည် ၄၅မိနစ်ခန့်ကြာခဲ့ပြီး အပြန်အလှန်တိုက်ပွဲသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။ စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့သော်လည်း မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရသည်ဟု မြင်းခြံခရိုင်တပ်ရင်း၃ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ ထို့​ကြောင့်လက်နက်များလည်းမရရှိခဲ့ဟုဆိုသည်။

အဆိုပါတိုက်ပွဲကိုမြင်းခြံခရိုင်တပ်ရင်း၃၊မြင်းခြံခရိုင်တပ်ရင်း(၁) ၊ Burmese Guerrilla Force-BGFကျေးရွာတပ်ပေါင်းစုများပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ထိခိုကိမှု မရှိဟုဆိုသည်။

“ပြည်သူတွေထိခိုက်တာတော့မရှိဘူးဗျ။ခုနောက်ဆက်တွဲအနေနဲ့ အင်အားတွေထပ်ပြီး တိုးထားတယ် ကြားတယ်ဗျ” ဟု အထက်ပါပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။