Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင်မှာ မတရားဖမ်းဆီးထောင်ချခံထားရသူ ၅၆၀ ကျော် လွတ်မြောက်လာ

လွတ်မြောက်လာသူ ၅၆၉ ဦး မှာ အမျိုးသား ၅၂၅ ဦးနဲ့ အမျိုးသမီး ၄၄ ဦး ပါဝင်တယ်လို့ အိုးဘိုထောင်အကျဉ်းဦးစီးဌာနက ဆိုပါတယ်။

မန္တလေးအိုးဘိုထောင် ( ပုံဟောင်း )
မန္တလေးအိုးဘိုထောင် ( ပုံဟောင်း )

ဆူပူအောင်လှုံဆော်မှုနဲ့ မတရားဖမ်းဆီးထောင်ချခံထားရသူ ၂,၀၀၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ လွှတ်ပေးရာမှာ မန္တလေး အိုးဘိုထောင်ကနေ ၅၆၉ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ ၅၆၉ ဦး မှာ အမျိုးသား ၅၂၅ ဦးနဲ့ အမျိုးသမီး ၄၄ ဦး ပါဝင်တယ်လို့ အိုးဘိုထောင်အကျဉ်းဦးစီးဌာနက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီကပြန်လွှတ်ပေးလိုက်သူတွေဟာ ထောင်ဒဏ်စေ့ခါနီး လပိုင်းမျှသာလိုတော့တဲ့သူတွေအများဆုံးပါဝင်လာကြတာပါ။

စစ်ကောင်စီဘက်ကတော့ ထောင်ဒဏ်ကျခံဖို့ ၁ နှစ်အောက်ကျန်တဲ့သူတွေကိုလွှတ်ပေးတာလို့ဆိုထားပါတယ်။

မန္တလေး အိုးဘိုထောင်က လွတ်မြောက်လာသူတွေထဲမှာ CDM ကျောင်းဆရာမတွေ ၊ ရှေ့နေတွေနဲ့ ဆန္ဒပြလို့ ဖမ်းခံရသူတွေပါဝင်ကြတယ်လို့သိရပါတယ်။