Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ရေရှည်အကျိုးစီးပွားမျှော်ကြည့်မှသာ အိမ်နီးချင်းကောင်းပီသမယ်လို့ တရုတ်ကို NUG ပြောရေးဆိုခွင့်ရှိသူ သတိပေး

တရုတ်ဟာ ရေတိုကို မကြည့်ဘဲ ရေရှည်အကျိုးစီးပွားမျှော်ကြည့်မှသာ အိမ်နီးချင်းကောင်းပီသပြီး တိုင်းပြည်နဲ့ ပြည်သူလူထုနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမှာလို့ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ရဲ့ နေပြည်တော်ခရီးစဥ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲဲ့ပြီး စစ်ကောင်စီက မြန်မာနိုင်ငံတွင်းသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို လုပ်ဆောင်ပေးနိုင်မှာမဟုတ်ကြောင်း၊ အကြမ်းဖက်မှုများကိုသာ ဆက်လက်ကျူးလွန်နေမှာဖြစ်ကြောင်း အမျိုးသားရေးညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ဆိုပါတယ်။ NUG ဟာ အရင်တရားဝင်အစိုးရများ ချုပ်ဆိုခဲ့တဲ့ စာချုပ်များ၊ သဘောတူညီချက်များ၊ ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး တရားမဝင်တဲ့ စစ်အုပ်စုနဲ့ ချုပ်ဆိုဆောင်ရွက်မယ့် လုပ်ငန်းများမှာ တရားမဝင်ဘူးလို့ NUG က ကြိုတင်သတင်းပါးပါတယ်။ နေပြည်တော်ကို လာရောက်တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ဟာ စစ်အာဏာရှင်ဟောင်းသန်းရွှေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင် ။ဓါတ်ပုံ-စစ်​ကောင်စီ)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင် ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪️အင်းစိန်ထောင်ကနေ နိုင်ကျဥ်းတွေစလွတ်လာပြီး အားလုံးက အမျိုးသားတွေတွေဖြစ်

ပုဒ်မ ၅၀၅(က)နဲ့ အင်းစိန်ထောင်မှာ မတရားဖမ်းဆီးထောင်ချခံရသူတွေထဲက ၃၀၀ ကျော်လွတ်လာပြီး အမျိုးသားအကျဥ်းသားများသာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းမှာ ဘတ်စ်ကားတွေနဲ့တစ်စီးပြီးတစ်စီးလွှတ်ပေးနေတာဖြစ်ပြီးတော့ ၅၀၅(က) နဲ့ မတရားဖမ်းဆီးခံထားရသူ ၂,၀၀၀ ကျော်ကို ဒီနေ့ လွှတ်ပေးမယ်လို့ကြေညာထားတာကြောင့် အကျဥ်းထောင်အသီးသီးမှာ မိသားစုဝင်တွေ သွားရောက်စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာမယ့်သူအများစုဟာ မတရားချခံထားရတဲ့ ထောင်ဒဏ် ပြည့်ဖို့ လပိုင်းသာ လိုတဲ့သူတွေဖြစ်တယ်လို့လည်း အကျဉ်းထောင်အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

သေဒဏ်ချထားသူ ၃၈ ဦးကို ထောင်ဒဏ်တသက် ပြောင်းလဲ
သေဒဏ်ချထားသူ ၃၈ ဦးကို ထောင်ဒဏ်တသက် ပြောင်းလဲ

▪️KNU ဒုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့ကို ရွေးကောက်တင်မြှောက်

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ၁၇ကြိမ်မြောက်ကွန်ဂရက်ကို ဒီနေ့ ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းရွေးချယ်မှု ပြုလုပ်လျက်ရှိရာ အဖွဲ့ ဒုဥက္ကဋ္ဌ အဖြစ် ပဒိုစောဆဲဂေကို ကွန်ဂရက်က ဒီနေ့ ရွေးကောက်တင်မြှောက်လိုက်တယ်လို့ KNU ဗဟို သတင်းရင်းမြစ်က ပြောပါတယ်။ အရင်နေ့တွေက ကျင်းပခဲ့တဲ့ ကွန်ဂရက်မှာ KNU ဗဟို အမြဲတမ်းကော်မတီ ၄၅ ဦးကို ရွေးကောက်တင်မြောက်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့တာပါ။ အထွေထွေအတွင်းရေးချုပ်ရာထူးအတွက် လက်ရှိအဲဒီရာထူးကို ထမ်ဆောင်နေဆဲ ပဒိုစောတာဒိုမူးကို ရွေးချယ်ခဲ့ပါတယ်။

▪️ဘောလခဲမြို့မှာ စစ်ရေးနေရာ လေးခုကို PDFပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

ကရင်နီပြည်နယ် ဘောလခဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာလေးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(BPDF) အမှတ် – ၁၁၀၅ တပ်ရင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ စီးနင်းတိုက်ခိုက်ခဲ့တဲ့ မြို့ပေါ် နေရာလေးခုမှာ ဘေလခဲမြို့မရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)ရုံး၊ စစ်မှုထမ်း‌ဟောင်းရုံးနဲံ ရုပ်သံလွှင့်တဲ့ နေရာတို့ကို BPDF တပ်ရင်း – ၁၁၀၅၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ ပါဝင်တဲ့ ဘောလခဲခရိုင်ပူးပေါင်းဗျူဟာစစ်ကြောင်းက ၀င်ရောက်စီးနင်းခဲ့တာပါ။ စီးနင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီဖက်မှ ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီရဲ့ လက်နက်များကိုလည်း ရရှိခဲ့ပါတယ်။

(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – BPDF)

▪️ဖမ်းမိစစ်သုံ့ပန်းများက CNDFပြန်လွှတ်ပေးပေမယ့် မပြန်ရဲဟုပြော

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားရ်စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုမှာ ဖမ်းဆီးရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားများကို အမေးအဖြေပြုလုပ်ထားတဲ့ရုပ်သံကို ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်ခဲ့ရာ စစ်သုံ့ပန်း စစ်ကောင်စီတပ်သားများက ပြန်လွှတ်ပေးသည့်တိုင် မပြန်ရဲဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ ပြန်လွှတ်လိုက်မည်ဆိုပါက အိမ်မှာ လွတ်လွတ်လပ်လပ်နဲ့ နေရမှာဖြစ်လို့ ပြန်ရဲလားဟု CNDF တပ်မှူးရဲ့ မေးမြန်းချက်ကို တုံပြန်ဖြေကြားတာပါ။ စစ်သားနဲ့ရဲကို အပြတ်ရှင်းရန် တော်လှန်ခြင်းမဟုတ်ဘဲ စနစ်ကိုတွန်းလှန်းနေတာလို့ CNDFတပ်မှူးက ရှင်းပြပါတယ်။

▪️စစ်ကိုင်းမှာ PDFရဲဘော်နှစ်ဦးနဲ့ မသန်စွမ်းတစ်ဦးကို စစ်ကောင်စီ သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း PDFရဲဘော်နှစ်ဦးနဲ့ မသန်စွမ်းတစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။တစ်အိမ်တည်းကျေးရွာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ရွာမကျေးရွာနေ အမျိုးသား ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံများက ပြောပါတယ်။

(တစ်အိမ်တည်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(တစ်အိမ်တည်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️ကျောက်ပန်းတောင်းနယ် ရဲစခန်းကို သိမ်းပိုက်စဥ် ရဲနှစ်ဦးသေဟု NUG ထုတ်ပြန်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပူးပေါင်းတပ်များက မနေ့က ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)က ဒီနေ့ထုတ်ပြန်ပါတယ်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

စီးနင်းတိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိပဲ ရဲနှစ်ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရဲစခန်းအတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနဲ့ကလေးများကို လွှတ်ပေးခဲ့ကြောင်း ဖော်ပြပါတယ်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

▪️နွားထိုးကြီးမြို့မရဲစခန်း ဗုံးချတိုက်ခိုက်ရာ ရဲတစ်ဦးသေ၊ ကားတစ်စီးမီးလောင်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရှိ မြို့မရဲစခန်းကို ဗုံးချတိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မေလ ၁ ရက် နေ့ခင်းက နွားထိုးကြီးမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲများ ကင်းလှည့်ရာမှာ အသုံးပြုနေတဲ့ Mark-2 ကားတစ်စီး မီးလောင်ပျက်စီးပြီး ရဲတစ်ဦးလည်းသေဆုံးကာ လေးဦးဒဏ်ရာများရရှိသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ရမ်းသစ်ပစ်ခတ်မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ၍ ပျက်စီးသွားသော စစ်အုပ်စု၏ ကားအားတွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ၍ ပျက်စီးသွားသော စစ်အုပ်စု၏ ကားအားတွေ့ရစဥ်။ ဓာတ်ပုံ – စကစ)