Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးမြို့မရဲစခန်း ဗုံးချတိုက်ခိုက်ရာ ရဲတစ်ဦးသေ၊ ကားတစ်စီးမီးလောင်

ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့်ကလည်း နွားထိုးကြီးမြို့အရှေ့ဘက် ထန်းဇင်ကျေးရွာ ကင်းစခန်းဂိတ်ကို ဒရုန်းဖြင့် သုံးကြိမ်တိတိ ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Natogyi People Defence Forceက သတင်းထုတ်ပြန်ထားသည်။

(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ၍ ပျက်စီးသွားသော စစ်အုပ်စု၏ ကားအားတွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ၍ ပျက်စီးသွားသော စစ်အုပ်စု၏ ကားအားတွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရှိ မြို့မရဲစခန်းကို ဗုံးချတိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးပြီး ကားတစ်စီး မီးလောင်ပျက်စီးကြောင်း မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မေလ၁ ရက် နေ့လည် ၂ နာရီခွဲခန့်က နွားထိုးကြီးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲများ ကင်းလှည့်ရာတွင် အသုံးပြုနေသည့် Mark-2 ကားတစ်စီး မီးလောင်ပျက်စီးကြောင်း၊ထို့အပြင် ရဲ တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာများရရှိသွားကြောင်း Natogyi People Defence Force အဖွဲ့က ဆိုသည်။

“ဒရုန်းနဲ့တစ်ကြိမ်ချတာပါ။ ရဲတွေက ကားဘေးထိုင်နေတာ။ ဗုံးထိပြီး သူတို့ဘက်က ရမ်းဖောက် တာပဲရှိတယ်။”ဟု Natogyi People Defence Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။