Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ် စပါးတွင်းပျူရွာရှိ စစ်ကောင်စီတပ် အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ မွန်းလွဲပိုင်းကလည်း အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

(စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်)
(စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် အင်အားတိုးချဲ့ချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (မေလ ၄ရက်) ညနေပိုင်းက အရာတော် တပ်မှတဆင့် စပါးတွင်းပျူရွာကို တပ်သားများ အင်အားထပ်တိုးထားချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိနိုင် ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ အရာတော်နယ်၏ အရှေ့ဘက်ရှိ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာတွင် တပ်စွဲထားသော စစ်အုပ်စုကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စပါးတွင်းကို မနေ့က စစ်ကောင်စီတပ်သား အင်အား ၃၀လောက် ထပ်တိုးထားတာ။ ညနေပိုင်းလောက်မှာ စပါးတွင်းကို ပစ်ခတ်ခဲ့တာပါ။ ညပိုင်းမှာတော့ ရွာသာကြီး အထိုင်ချ တပ်စွဲထားတဲ့ စခတွေကို ပစ်ခဲ့တာ။ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲနှစ်ရွာက စစ်ကြောင်းထိုးတာတော့ လက်တလော မရှိသေးပါဘူး”ဟု မြင်းဖြူရှင် ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မြင်းဖြူရှင်အဖွဲ့ (၁၊ ၂၊ ၃၊ ၄၊ ၅)စသည့်အဖွဲ့ခွဲများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီမှုများ ပေးကြရန် မေတ္တာရပ်ခံထားသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။