Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ် ချမ်းသာရွာအထက်တန်းကျောင်းကို စစ်ကောင်စီတပ် မိုင်းခွဲပြီးမီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ချမ်းသာကျေးရွာအား ၂၀၂၂ မေလ ၇ရက်၊ ဇွန်လ ၇ရက်နှင့် ဒီဇင်ဘာ ၁၄ရက်များကလည်းကောင်း၊၂၀၂၃ ဇန်နဝါရီ ၁၄ရက်နှင့် ၁၅ ရက်များကလည်းကောင်း လေးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။

(မိုင်းခွဲပြီး မီးပါရှို့ကာဖျက်ဆီးသွားသည့် ချမ်းသာရွာ အထက်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Htoo Khant Zaw)
(မိုင်းခွဲပြီး မီးပါရှို့ကာဖျက်ဆီးသွားသည့် ချမ်းသာရွာ အထက်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Htoo Khant Zaw)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က ငါးကြိမ်မြောက်ဝင်ရောက်ကာ အထက်တန်းကျောင်းအား မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မေလ ၃ ရက်က ရေဦးမြို့မှထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၄ ရက် နံနက်ပိုင်းတွင် ရေဦးမြို့နယ်အနောက်ခြမ်း ချမ်းသာကျေးရွာရှိ နှစ်ထပ်ကျောင်းဆောင် စာသင်ကျောင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“ဒီစာသင်ကျောင်းကြီးက ရွှေဘိုခရိုင် ရေဦးနယ် မှာအကြီးဆုံးပါ။ အစိုးရပိုင်ကျောင်းဆိုလည်း မမှားပါဘူး။ ကျောင်းကြီးက ကိုဗစ်တွေစဖြစ်ကတည်းက ပိတ်ထားတာ ကြာပါပြီ။ ဘေးရွာက စစ်ရှောင်တွေလာရင်တော့ ချမ်းသာရွာ စာသင်ကျောင်းကြီးထဲမှာ လက်ခံကျွေးမွေးတာလောက်တော့ ရှိပါတယ်။ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ရေဦးကထွက်လာပြီး ချမ်းသာရွာကို ဦးတည်လာပြီး စာသင်ကျောင်းကြီးကို မိုင်းခွဲရှို့သွားတယ်။”ဟု People’s Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

စစ်ကောင်စီတပ်သည် ချမ်းသာကျေးရွာအား ၂၀၂၂ မေလ ၇ရက်၊ ဇွန်လ ၇ရက်နှင့် ဒီဇင်ဘာ ၁၄ရက်များကလည်းကောင်း၊၂၀၂၃ ဇန်နဝါရီ ၁၄ရက်နှင့် ၁၅ ရက်များကလည်းကောင်း လေးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။

(မိုင်းခွဲပြီး မီးပါရှို့ကာဖျက်ဆီးသွားသည့် ချမ်းသာရွာ အထက်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Htoo Khant Zaw)
(မိုင်းခွဲပြီး မီးပါရှို့ကာဖျက်ဆီးသွားသည့် ချမ်းသာရွာ အထက်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ – Htoo Khant Zaw)

ထိုသို့ လေးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့​၍ အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ချမ်းသာကျေးရွာမှာ ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ပြီး သမိုင်းဝင်နှစ်ပေါင်း ၁၂၉နှစ်နီးပါးရှိသည့် ကက်သလစ်ခရစ်ဘုရားရှိခိုးကျောင်းကြီးနှင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများပါ မီးလောင်ပြာကျခဲ့ကြောင်း ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့ (မေလ ၅ ရက်) နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ ဆရာစံခန်းမအတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။