Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာအများအပြား ရေကြီးနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလက အသိပေးသည်။

(ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများ ​မေ ၁၄ ရက်ကရေကြီးရေလျှံမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ - CJ)
(ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများ ​မေ ၁၄ ရက်ကရေကြီးရေလျှံမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ - CJ)

မိုခါမုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၁၄ ရက်) နံနက်ပိုင်းမှစတင်ကာ ဆင်ဖြူကျွန်းမြို့ပေါ်အပါအဝင် ငှက်ပျောတောကျေးရွာ​၊ ယမ်းဖိုကုန်းရွာ၊ ရွာသစ်ကြီး ၊ရွာသစ်ကလေး၊ချောင်းဖြူရွာ၊အမှုရွာ ​၊တောင်ပို​၊ ရန်းဖိုကုန်း၊ရွာသစ်ကြီးနှင့် သရက်ချဥ်ရွာ စသည့် ကျေးရွာအပါအဝင် ကျေးရွာအများအပြား ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း ​ဒေသခံများက ပြောသည်။

“ဆင်ဖြူကျွန်းမြို့ပေါ်မှာ ရေမဝင်တဲ့အိမ် မရှိပါဘူး။ အိမ်တိုင်းစေ့ ရေဝင်ပါတယ်။ ရေစီးကလည်း သန်ပါတယ်။ နိမ့်တဲ့ အပိုင်းတွေတော့ ပိုဆိုးတာပေါ့။ စလင်းချောင်းရေကော၊ မြောင်းရေတွေကော တက်နေတာပါ။ ဆင်ဖြူကျွန်းမြို့က စလင်းချောင်းနဲ့ ဧရာဝတီမြစ်ကြားမှာ တည်ရှိတော့ ဧရာဝတီမြစ်ပါ ထပ်တက်လိုက်လို့ကတော့ မတွေးဝံ့စရာပါပဲ။”ဟု ဆင်ဖြူကျွန်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မြေအနိမ့်ပိုင်းရှိ သီးနှံစိုက်ခင်းများလည်း ရေမြုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ စလင်းမြို့နယ်တွင်လည်း ကျေးရွာ ၁၀ ရွာထက်မနည်း ရေကြီးရေလျှံမှုဖြစ်နေကြောင်း ​ဒေသခံများက ပြောသည်။

(ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများ ​မေ ၁၄ ရက်ကရေကြီးရေလျှံမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ - CJ)
(ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများ ​မေ ၁၄ ရက်ကရေကြီးရေလျှံမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ – CJ)

ဆင်ဖြူကျွန်းမြို့ရှိ ရေဘေးဒုက္ခသည်အချို့မှာ ဘုရားကြီးကုန်း ရှင်ပင်မုနိမဟာရံသီဘုရားကြီးအတွင်း၌ နေထိုင်နေရကြောင်း သိရသည်။

“နွယ်တမယ်ရွာက တော်​တော်ဆိုးတယ်။ ရွာလယ်လမ်းဆိုရင် လူတစ်ရပ်မြှုပ်တယ်တဲ့။ အသိအိမ်​တွေဆိုရင် ဘာပစ္စည်းမှမရလိုက်ဘဲ ​ရေ​တွေ​မျှောကုန်တာ။ လူ​တွေဘဲအိမ်​ပေါ်မှာ​နေရတာ။နွား​တွေ ဝက်​တွေလည်း​မျောကုန်တယ်တဲ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ​ယမန်နေ့ညပိုင်းတွင် ရေများပြန်လည်ကျဆင်းခဲ့သော်လည်း လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း နယ်ခံများက ပြောသည်။

(ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများ ​မေ ၁၄ ရက်ကရေကြီးရေလျှံမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ - CJ)
(ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ကျေးရွာများ ​မေ ၁၄ ရက်ကရေကြီးရေလျှံမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ – CJ)

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလက အသိပေးသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် ယနေ့(မေလ၁၅ ရက်) နံနက်မှ နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်း၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းကြောင်း မိုးဇလကဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ရွေ့လျားရာတစ်လျှောက်ရှိ ဒေသများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ရေလျှံမှုအန္တရာယ်ရှိကြောင်း မိုးဇလက သတိပေးထားသည်။