Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်းနာရီအနည်းငယ်အတွင်းအား​​ပျော့ပျက်ပြယ်မည်

မုန်တိုင်းငယ်ဟာဆက်လက်အား​လျော့နည်းလာရင်း ​နောက်နာရီအနည်းငယ်အတွင်း ​လေဖိအားနည်းရပ်ဝန်းအဖြစ်က​နေ ပျက်ပြယ်သွားလိမ့်မယ်လို့ IMD ကဒီ​နေ့မနက်မှာခန့်မှန်းထားပါတယ်။

မိုခါမုန်တိုင်းနာရီအနည်းငယ်အတွင်းအား​​ပျော့ပျက်ပြယ်မည်
မိုခါမုန်တိုင်းနာရီအနည်းငယ်အတွင်းအား​​ပျော့ပျက်ပြယ်မည်

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာရခိုင်ကမ်းရိုးတနွးကိုဖြတ်​ကျော်ဝင်​ရောက်ပြီး ကုန်တွင်းမုန်တိုင်းအဖြစ် တိုက်ခတ်ပြီးတဲ့​နောက် အင်အား​​လျော့ကျလာခဲ့ရာက​နေ နာရီအနည်းငယ်အတွင်း​လေဖိအားနည်းရပ်ဝန်းအဖြစ် ​ပြောင်းပြီးအား​ပျော့ပျက်ပြယ်​တော့မယ်လို့ အိန္ဒိယမိုးလက ထုတ်ပြန်ပါတယ် ။

အခုအခါမှာမုန်တိုင်းငယ်ဟာ စစ်​တွေမြို့ရဲ့ အ​ခြေ​မြောက်ဘက် မိုင် ၄၁၀ အကွာ ၊​ညောင်ဦးမြို့ရဲ့ အ​ရှေ့​မြောက်ဘက် မိုင် ၂၆၀ အကွာ၊ ​နေပြည်​တော်ရဲ့ ​မြောက်၊အ​ရှေ့​မြောက်ဘက် ၃၅၄ မိုင်​ကျော်အကွာ ရှမ်းပြည်နယ် ​မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းကြားမှာရှိ​နေပါတယ်။မုန်တိုင်းငယ်ဟာဆက်လက်အား​လျော့နည်းလာရင်း ​နောက်နာရီအနည်းငယ်အတွင်း ​လေဖိအားနည်းရပ်ဝန်းအဖြစ်က​နေ ပျက်ပြယ်သွားလိမ့်မယ်လို့ IMD ကဒီ​နေ့မနက်မှာခန့်မှန်းထားပါတယ်။

မိုခါမုန်တိုင်းနာရီအနည်းငယ်အတွင်းအား​​ပျော့ပျက်ပြယ်မည်
မိုခါမုန်တိုင်းနာရီအနည်းငယ်အတွင်းအား​​ပျော့ပျက်ပြယ်မည်

အမျိုးသားညီညွတ်​ရေးအစိုးရ ၊ လူသားချင်းစာနာ​ထောက်ထား​ရေးနဲ့သဘာဝ​ဘေးအန္တရာယ် ​ဆိုင်ရာ စီမံခန့်ခွဲ​ရေးဝန်ကြီးဌာ(MOHADM)က မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်း၊မကွေး၊ မန္တလေးတ၊ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့ကို နာရီအတော်အသင့်ကြာအောင်ဖြတ်သန်းခဲ့ပြီး​နောက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းနယ်မြေများပေါ်တွင် ဒီနေ့ နံနက်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားပြီလို့ထုတ်ပြန်ပါတယ် ။