Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် ၃ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီဆို

ထိခိုက်ပျက်စီးမှုတွေဟာ ရခိုင်၊ နေပြည်တော်၊ရန်ကုန်၊စစ်ကိုင်း ၊ချင်း နဲ့မကွေးတိုင်းတို့မှာဖြစ်ပွားခဲ့တာလို့စစ်ကောင်စီက ဆိုထားပါတယ်။

မုန်တိုင်းဖြတ်ကျော်ပြီးနောက် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ နယ် ကိုတွေ့ရစဉ်
မုန်တိုင်းဖြတ်ကျော်ပြီးနောက် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ နယ် ကိုတွေ့ရစဉ်

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြေ ၈၆၀ ကျော်ပျက်စီးခဲ့ပြီး သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပါတယ်။

သေဆုံးသူ ၃ ဦးဟာ ရခိုင်ပြည်နယ်က ၂ ဦးနဲ့ ဧရာဝတီတိုင်းက ၁ ဦးဖြစ်တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်မှာ လူနေအိမ် အလုံး ၅၀၀ခန့် ပျက်စီးတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

မုန်တိုင်းဖြတ်သန်းရာဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းမှာ ဆိုရင် နေအိမ် ၃ လုံး ၊ ဘုန်းကြီးကျောင်း ၁ကျောင်း ၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု နဲ့ ဌာနဆိုင်ရာအဆောက်အဦး ၁ ခုသာ ထိခိုက်ပျက်စီးတယ်လို့ စစ်ကောင်စီစာရင်းမှာဖော်ပြပါတယ်။

ထိခိုက်ပျက်စီးမှုတွေဟာ ရခိုင်၊ နေပြည်တော်၊ရန်ကုန်၊စစ်ကိုင်း ၊ချင်း နဲ့မကွေးတိုင်းတို့မှာဖြစ်ပွားခဲ့တာလို့စစ်ကောင်စီက ဆိုထားပါတယ်။

ဓာတ်ပုံ − CJ