Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် မိုးသည်းပြီး ပုဂံ ဘုရားအချို့ ထိခိုက်ပျက်စီး

စူဠာမဏိဘုရားပရဝဏ်ထဲ ရေကြီးလို့ မီးသတ်က ရေစုပ်စက်နဲ့ စုပ်ထုပ်နေရတာလည်း တွေ့ရပါတယ်။လူသိများထင်ရှားတဲ့ အာနန္ဒာဘုရားပရဝဏ်လည်းရေဝင်တာတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ −လူမှုကွန်ရက်
ဓာတ်ပုံ −လူမှုကွန်ရက်

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်ညောင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုဂံဒေသက နာမည်ကြီး ဘုရားအချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

မုန်တိုင်း မြန်မာနိုင်ငံကိုမဖြတ်သန်းမီ တစ်ရက်အလိုမေလ ၁၃ ရက်ကစတင်ပြီး ညောင်ဦးမြို့နယ်ထဲမှာ မိုးကြီးခဲ့တာပါ။

ဓာတ်ပုံ −လူမှုကွန်ရက်
ဓာတ်ပုံ −လူမှုကွန်ရက်

မေလ ၁၃ ရက်နဲ့ မေလ ၁၄ ရက်တွေမှာ မိုးကြီးပြီး ပုဂံဘုရားတွေမှာ မိုးရေယိုကျတာ ၊ ဘုရာပရဝုဏ်ထဲ ရေဝင်တာ ၊ ရင်ပြင် ၊ မုဒ်ဦးနဲ့ တံတိုင်းတွေ ပြိုကျတာတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပျက်စီးမှုရှိခဲ့တဲ့ နာမည်ကြီး ဘုရားတွေမှာ သဗ္ဗညုဘုရား ရဲ့ အုတ်တံတိုင်းပဲ့ကျတာ ၊ ဓမ္မရာဇကဘုရားရင်ပြင်အုတ်ခုံပြိုတာ ၊ပုထိုးသားများဘုရားရဲ့ မုဒ်အဝင် ပဲ့ကျတာ တွေ ရှိခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ −လူမှုကွန်ရက်
ဓာတ်ပုံ −လူမှုကွန်ရက်

ဒါအပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ထီးတင်ခဲ့တဲ့ ထီးလိုမင်းလိုဘုရားရဲ့အရှေ့ဘက်ခြမ်းမုဒ်အဝင်တံတိုင်းလည်း ၈ ပေခန့် ပဲ့ကျသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

စူဠာမဏိဘုရားပရဝဏ်ထဲ ရေကြီးလို့ မီးသတ်က ရေစုပ်စက်နဲ့ စုပ်ထုပ်နေရတာလည်း တွေ့ရပါတယ်။လူသိများထင်ရှားတဲ့ အာနန္ဒာဘုရားပရဝဏ်လည်းရေဝင်တာတွေရှိခဲ့ပါတယ်။