Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်လာ၍ ပြည်သူသုံးဦး ဒဏ်ရာရဟု TNLA အသိပေး

ဧပြီ ၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစီးအသုံးပြုပြီး တစ်ဖက်သတ်လာရောက် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(နားမခေါ်ကျေးရွာအား စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နားမခေါ်ကျေးရွာအား စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

တအာင်းတပ်မတော်(TNLA) တပ်မဟာ -၄ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းက တိုက်ခိုက်လာကြောင်း TNLAက ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဧပြီ ၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစီးအသုံးပြုပြီး တစ်ဖက်သတ်လာရောက် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားမခေါ်ကျေးရွာမှ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံးထိမှန်ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

ဒဏ်ရာရသူ သုံးဦးအနက် ကလေးငယ်တစ်ဦးမှာ မျက်ခုံး၌ ဒဏ်ရာရခဲ့ပြီး ၎င်း၏ဖခင်ဖြစ်သူ စိုင်းခမ်းမွန်းမှာ ဗိုက်၊ မိခင်ဖြစ်သူမှာ ဒူးတွင် ဒဏ်ရာရခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ၎င်းတို့မိသားစု သုံးဦး လားရှိုးဆေးရုံ၌ ကုသမှုခံယူနေကြောင်း ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်ခံရမှု အပါအဝင် ဒေသတွင်းစစ်ရေး အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA တာဝန်ရှိသူအချို့ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာကလည်း TNLA တပ်စခန်းများရှိရာ နမ့်ဆန်မြို့နယ် ကုန်းသာရွာ သို့ ရဟတ်ယာဉ်များဖြင့် စစ်အင်အားများချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။