Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်စပ်ကို စစ်ကောင်စီတပ်က Mi-35ဖြင့် ပစ်ခတ်တိုက်ခိုက်နေ

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်စပ်သို့ ယခင်ကလည်း စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးပြီး ဒေသတွင်းPDFများနှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35နှစ်စီးဖြင့် ပစ်ခတ်ခဲ့၍ ထိခိုက်သူများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီလ ၈ ရက်) နံနက် ၉နာရီဝန်းကျင်က စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အစပ်ရှိ အုတ်ဖို၊ စဥ့်ကိုင်အစရှိသည့် ကျေးရွာများအား Mi-35 နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး Mi-17 နှစ်စီးဖြင့် လူအင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

Mi-35 တစ်စီးသည် မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာခြင်းဖြစ်ပြီး Mi-17 နှစ်စီးမှာ ရွှေဘိုလေ့ကျင်ရေး(၈)မှ တပ်သားများ တင်ဆောင်ကာ နှစ်ကြိမ် လူအင်အားဖြည့်တင်းခဲ့ကြောင်း ဒေသတွင်းကင်းထောက်ရဲဘော်များက ပြောသည်။

“ပစ်တာက နှစ်စင်း၊ လူချတာက နှစ်စင်း၊ စစ်ကိုင်းမြို့နယ်ထဲပါမယ်။ အုတ်ဖိုမှာဖြစ်တာ။ တော်တော့ကြာတယ်။ မိနစ်နှစ်ဆယ်လောက်လို့ပြောတယ်။ အခုလောလောဆယ် ကိုယ့်ဘက်ကနှစ်ယောက်ထိထားတယ်။ တစ်ယောက်ကစိုးရိမ်ရတယ်။”ဟု ဝက်လက်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုကျေးရွာတဝိုက်ရှိပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက် အမှတ်(၃)လမ်းမကြီးအနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ‌၍ ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ယာယီပိတ်ထားကြောင်း၊ လိုက်နာခြင်းမရှိဘဲ သွားလာ၍ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ဒေသတွင်းအဖွဲ့များက သတိပေးသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်စပ်သို့ ယခင်ကလည်း စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးပြီး ဒေသတွင်းPDFများနှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။