Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDF အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအခြေအနေ

ဒီနှစ် မတ် ၊ဧပြီ နဲ့မေလ မှာ ရင်ဆိုင်တိုက်ပွဲ ၊ စခန်းသိမ်းတိုက်ပွဲ ၊ထိတွေ့တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့တာလို့ အာဠာဝကစစ်ကြောင်းက ဖော်ပြထားပါတယ်။

PDF အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအခြေအနေ
PDF အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအခြေအနေ

KNU တပ်မဟာ ( ၁) လှုပ်ရှားရာနယ်မြေ ဒူးသထူခရိုင်( သထုံ) မှာ PDF တပ်ရင်း ( ၃) ရဲ့အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ ကြား ၃ လတာကာလအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ရာ ၂ ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။

ဒီနှစ် မတ် ၊ဧပြီ နဲ့မေလ မှာ ရင်ဆိုင်တိုက်ပွဲ ၊ စခန်းသိမ်းတိုက်ပွဲ ၊ထိတွေ့တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့တာလို့ အာဠာဝကစစ်ကြောင်းက ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးတယ်လို့ အာဠာဝကစစ်ကြောင်းက ဆိုထားပါတယ်။ စစ်ကောင်စီတပ်ရဲ့အကျအဆုံးကို လူထုနွေဦးသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တပ်ဖွဲ့ဝင်တွေ အကျအဆုံးကို စစ်ကောင်စီကလည်းထုတ်ပြန်လေ့မရှိဘဲ လျှို့ဝှက်ထားပါတယ်။

PDF တပ်ဘက်ကတော့ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရပြီး ၁ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဠာဝကစစ်ကြောင်းဟာ KNU တပ်မဟာ (၁) နယ်မြေထဲမှာ လှုပ်ရှားနေတာပါ။