Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော် အမှတ်(၁ဝ)လေ့ကျင့်ရေးတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မေလ ၃၁ ရက်ကလည်း အရာတော်မြို့နယ် ဝါးတန်းကျေးရွာတွင် တပ်စွဲထားသော စစ်‌ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Ayadaw Bone Naing PDF – A.B.N PDF က သတင်းထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ်(၁ဝ) လေ့ကျင့်ရေးတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF၏ တာဝန်ခံ ဗိုလ်မောင်းက ပြောသည်။

ယမန်နေ့ (ဇွန်လ ၆ရက်) နေ့လယ် ၃နာရီခန့်က အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေး(၁၀)တပ် (အရပ်ခေါ် အရှေ့တပ်)အား (၁၀၇)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF၏ တာဝန်ခံ ဗိုလ်မောင်းက ပြောသည်။

“ဆယ်မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အထိအခိုက်ကတော့ စုံစမ်းနေဆဲပဲ။”ဟု ဗိုလ်မောင်းက ပြောသည်။

ထို့အပြင် စောင့်ကြည့်ကင်းထောက်များ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြားရရှိနိုင်ပြီး သေဆုံးမှုရှိနိုင်သည်ဟု Danger Force LPDF အဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ခြောက်ကြိမ်​ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ရဲဘော်များအထိအခိုက်အကျဆုံးမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ဆိုသည်။

ယနေ့ (ဇွန်လ ၇ ရက်) နံနက်ပိုင်းတွင် အမှတ်(၁ဝ) လေ့ကျင့်ရေးတပ်မှ အင်အား ၅၀ခန့်ပါ စစ်ကြောင်းထွက်လာပြီး အရာတော်မြို့နယ်၊ ကျောက်ပြောက်ကျေးရွာမြောက်ဘက်သို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Danger Force LPDFမုံရွာခရိုင် ရင်း(၆)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။