Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး

မနေ့ညပိုင်း ပုဂံမှာ မိုးကြိုးပစ်ပြီး မိုးရွာသွန်းမှုရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ဘေးက ဗူးဘုရားလည်း မိုးကြိုးမှန်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး
မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး

ပုဂံဒေသက ထင်ရှားတဲ့ ဗူးဘုရားဟာ မနေ့ညပိုင်း ၉ နာရီခွဲခန့်က မိုးကြိုးထိမှန်ပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

မနေ့ညပိုင်း ပုဂံမှာ မိုးကြိုးပစ်ပြီး မိုးရွာသွန်းမှုရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ဘေးက ဗူးဘုရားလည်း မိုးကြိုးမှန်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

မိုးကြိုးကြောင့် ဘုရားလုံးပတ်တော်နဲ့ ထီးတော် ထိခိုက်သွားတယ်လို့ဆိုပါတယ်။

မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး
မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး

စစ်ကောင်စီဘက်ကတော့ ဧရာဝတီရေပြင်ကို မိုးကြိုးပစ်ချိန် မြစ်ကမ်းစပ်က ဗူးဘုရားလည်း စက်ကွင်းမိသွားတာဖြစ်ပြီး ဘုရားလုံးပတ်တော်မှာ ၁လက်မ ခွဲအရွယ် အပေါက်ရာ ၂ ခု ဖြစ်ပေါ် သလို အက်ရာထင်သွားတယ်လို့ ဆိုထားပါတယ်။

ဒါအပြင် စိန်ဖူးတော် အောက်ခံ ကြာဖတ် နဲ့ ဌက်ပျောဖူးကြာဖတ် ပဲ့ကျသွားခဲ့ပြီး ထီးတော်မှာ ချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်းတွေ အမဲရောင်ပြောင်းသွားတယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး
မိုးကြိုးထိမှန်လို့ ပုဂံ ဗူးဘုရားထိခိုက်ပျက်စီး

လုံးပတ်တော်မှာ ပေါက်သွားတဲ့အပေါက်ကနေ မိုးရေစိမ့်ဝင်နိုင်လို့ ဒီနေ့ကစတင်ပြီးပြုပြင်မယ်လို့လည်းသိရပါတယ်။

ဒေသခံတွေပြောပြချက်အရ ဗူးဘုရားမှာ မိုးကြိုးလွှဲတွေ တပ်ဆင်ထားတယ်လို့လည်းသိရပါတယ်။

ဗူးဘုရားဟာ ပုဂံရာဇဝင်တွေမှာ ပျုစောထီးမင်း တည်ထားကိုးကွယ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။