Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ္ဘာကျော်လက်ဝတ်ရတနာရောင်းသည့်အွန်လိုင်းလုပ်ငန်း TJCက မြန်မာ့ပတ္တမြားရောင်းချမှုရုတ်သိမ်း

ဝဘ်ဆိုဒ်တွင် ရောင်းချသည့် မြန်မာပတ္တမြားများသည်မှားယွင်းစွာဖော်ပြထားခြင်းဖြစ်ပြီး Burma Campaign UKမှ စာရရှိပြီးနောက် မြန်မာပတ္တမြားများကို ရောင်းချခြင်းမှ ရုပ်သိမ်းခဲ့သည်ဟု ရေးသားခဲ့သည်။

ကမ္ဘာကျော်လက်ဝတ်ရတနာရောင်းသည့်အွန်လိုင်းလုပ်ငန်း TJCက မြန်မာ့ပတ္တမြားရောင်းချမှုရုတ်သိမ်း
ကမ္ဘာကျော်လက်ဝတ်ရတနာရောင်းသည့်အွန်လိုင်းလုပ်ငန်း TJCက မြန်မာ့ပတ္တမြားရောင်းချမှုရုတ်သိမ်း

မြန်မာ့ပတ္တမြားရောင်းချမှုကိုရုတ်သိမ်းကြောင်း ကမ္ဘာကျော် လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်း TJCက ဆုံးဖြတ်လိုက်ကြောင်း Burma Campaign UK က ယနေ့(ဇွန် ၇)ထုတ်ပြန်လိုက်သည်။

TJC(Trust, Joy & Community) သည် ​ဗြိတိန်ရှိ အကြီးမားဆုံး တီဗီစျေးဝယ်ချန်နယ်များနှင့် အွန်လိုင်းလက်ဝတ်ရတနာ လက်လီရောင်းချသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

TJCက Burma Campaign UKကို ပေးပို့သည့်စာတွင် TJCအနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ မြန်မာ့နိုင်ငံမှ ကျောက်မျက်ရတနာများများ ယူဆောင်ရောင်းချခြင်းမပြုရန် မူဝါဒချသည်ဟု ဖော်ပြထားသည်။

ဝဘ်ဆိုဒ်တွင် ရောင်းချသည့် မြန်မာပတ္တမြားများသည်မှားယွင်းစွာဖော်ပြထားခြင်းဖြစ်ပြီး Burma Campaign UKမှ စာရရှိပြီးနောက် မြန်မာပတ္တမြားများကို ရောင်းချခြင်းမှ ရုပ်သိမ်းခဲ့သည်ဟု ရေးသားခဲ့သည်။

TJC က “ ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်၊ အခြေအနေများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ရန်လိုအပ်မှုက အရေးကြီးကြောင်း ကျွန်ုပ်တို့နားလည်ထားတာကြောင့် မြန်မာ့လက်ဝတ်ရတနာပစ္စည်းများအားလုံးကို ရောင်းချတဲ့ပစ္စည်းစာရင်းမှ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပါတယ်”ဟု TJCကဆိုထားသည်။

မြန်မာ့ပတ္တမြားရောင်းချမှုမှ ရုပ်သိမ်းရန် TJC ၏ ဆုံးဖြတ်ချက်အ​ပေါ် Burma Campaign UK မှ ယနေ့ ကြိုဆိုသည်ဟုလည်း ယနေ့ထုတ်ပြန်လိုက်သည်။