Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့ တောင်နှင့်မြောက်တွင်စစ်တပ်ကစစ်​ကြောင်း နှစ် ကြောင်းဖြင့်ထိုးစစ်ဆင်ရန်အင်အားဖြည့်တင်း​နေ

စစ်တပ်ကအင်အားထိုးချဲ့လာပြီးလက်နက်ကြီးဖြင့် ပစ်ခတ်​သောကြောင့် ကျေးရွာ၁၀ ခန့်က ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။

(က​လေးမြို့နယ်နှင့်အနီးဝန်းကျင် ရှိမြို့နယ်များကိုGoogle Map တွင်​တွေ့ရမှု)
(က​လေးမြို့နယ်နှင့်အနီးဝန်းကျင် ရှိမြို့နယ်များကိုGoogle Map တွင်​တွေ့ရမှု)

▪︎စစ်​ကြောင်း ၂ ​ကြောင်းထိုးလာပြီးလက်နက်ကြီးဖြင့်ပစ်၍​ကျေးရွာ ၁၀ ရွာမှပြည်သူ တစ်​သောင်း​ကျော်ထွက်​ပြေး​နေရ

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ရန် အင်အားတိုးချဲ့ပြင်ဆင်​နေကြောင်း ကလေးဒေသအခြေစိုက်ကာကွယ်ရေးတပ်များက​ပြောသည်။

စစ်တပ်ကအင်အားထိုးချဲ့လာပြီးလက်နက်ကြီးဖြင့် ပစ်ခတ်​သောကြောင့် ကျေးရွာ၁၀ ခန့်က ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။

“ကလေးမြို့တောင်ပိုင်းမှာစစ်ကြောင်းတစ်ကြောင်းရှိတယ်။မြောက်ပိုင်းက အရင်ရက်က ရဟတ်ယာဉ်နဲ့ ပစ်သွားတဲ့ရွာမှာ တစ်ကြောင်းရှိတယ်။ စစ်ကြောင်းက နှစ်ကြောင်းပေါ့ တောင်နဲ့မြောက်နဲ့မှာ။သေနတ်ဖောက်တာတော့ မရှိဘူး။

ကျတော်တို့တပ်တွေကတော့ အသင့်ရှိနေရတယ်”ဟု ချင်းအမျိုးသားအဖွဲ့ (CNO)အထက်ချင်းတွင်းတာဝန်ခံကပြောသည်။

ကလေးမြို့တောင်ပိုင်းတွင် ဇွန် ၆ ရက် ညနေပိုင်းက အင်အား၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက ဇင်ကလင်းကျေးရွာ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် အထိုင်ချရန် စခန်းအခိုင်အမာတည်ဆောက်နေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကအထိုင်ချရန် ဘန်ကာများ၊ ကတုတ်ကျင်းများတူးနေစဉ်ကျေးရွာအတွင်းသို့ကလေးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ထိုသို့ပစ်ခတ်ခဲ့ခြင်းကြောင့် ရေလဲဦး၊ပေါက်ခုံ၊သာစည်၊ ဇင်ကလင်း၊ချင်းဆိုင်၊ ထိုမာ၊ သာယာကုန်း၊ထောက်ကြန့်စသည့်ကျေးရွာများ ဒေသခံတစ်သောင်းကျော်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့သည့်လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများလည်းရှိသည်ဟုဒေသခံများကပြောသည်။

“ကလေးတောင်နဲ့မြောက်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေကြပြီ။ခုထိတော့ မပစ်သေးဘူး”ဟု CNOတာဝန်ခံကဆက်ပြောသည်။

ကလေးမြို့မြောက်ပိုင်းတွင်လည်းစခန်းကြီးမှ နန်း‌စောင်းပုရွာဘက်သို့ စစ်ကားနှစ်စီးပြည့်ဖြင့် အင်အားဖြည့်တင်းနေသည်ဟုလည်း၎င်းက​ပြောသည်။

ထို​ကြောင့်ကလေးမြို့နယ်အတွင်းအချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန်နှင့် စစ်ကောင်စီတပ်များအနီးသွားခြင်းကိုရှောင်ကျဉ်ကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့များက သတိ​ပေးသည်။