Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူသားချင်းစာနာမှုအကူအညီများ လိုအပ်သူများထံ မရောက်ရှိရေးကို စစ်တပ်က ဖြတ် ၄ ဖြတ်မူဝါဒအသုံးပြုဆောင်ရွက်နေ

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေသူ (၆) သန်း ခန့် ရှိလာကြောင်း သံအမတ်ကြီးက မျက်နှာစုံညီအစည်းအဝေးသို့ ပြောသည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)

စစ်တပ်မှ တရားမဝင်အာဏာသိမ်းမှု၊ အကြမ်းဖက်ကျူးလွန်မှုများကို ခံစားနေရသည့် မြန်မာပြည်သူများသည် မုန်တိုင်း၏နောက်ဆက်တွဲ အကျိုးဆက်များကိုပါ ထပ်ဆင့်ခံစားနေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေး၌ ပြောသည်။

ဆိုင်ကလုန်းမိုခါတိုက်ခိုက်မှုကြောင့် ရခိုင်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်း ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များသို့ပါ ရိုက်ခတ်ခဲ့ပြီး ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ များစွာပျက်စီးဆုံးရှုံးခြင်းအပြင် အစားအစာ၊ ဆေးဝါးနှင့် ယာယီခိုလှုံရန် ယာယီတဲများမရှိခြင်းနှင့် ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် အလွန်ဆိုးရွားသော ဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း မြန်မာသံအမတ်ကြီးက အစီရင်ခံသည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေသူ (၆) သန်း ခန့် ရှိလာကြောင်း သံအမတ်ကြီးက မျက်နှာစုံညီအစည်းအဝေးသို့ ပြောသည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)

ယင်းအခြေအနေတွင် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တရားမဝင်စစ်တပ်က “ဖြတ် (၄) ဖြတ်” မူဝါဒကိုအသုံးပြု၍ လူသားချင်းစာနာမှုအကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

ထို့ကြောင့် သံအမတ်ကြီးက ထိခိုက်ခံဒေသများနှင့် လိုအပ်သူများအားလုံးဆီသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါး၊ အခြားအရေးအပေါ်ပစ္စည်းများ၊ အရေးပေါ်ယာယီတဲများ စသည်တို့အပါအဝင် အရေးပေါ် ကယ်ဆယ်ကူညီ ထောက်ပံ့ပေးရေးဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးသို့ တောင်းဆိုသည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)

ယင်းသို့ အကူအညီများပေးအပ်ရာတွင် တစ်နိုင်ငံလုံးရှိ ဒုက္ခသည်စခန်းများအပါအဝင် နေရပ်စွန့်ခွာနေရသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ၏ ထိန်းချုပ်ရာဒေသများရှိ အကူအညီလိုအပ်နေသူများအားလုံးထံ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ဘဲ အကူအညီများ သာတူညီမျှပေးအပ်ရန် ကုလသမဂ္ဂအေဂျင်စီများနှင့် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများအားလုံးကို တောင်းဆိုသည်။

ထို့အပြင် အကူအညီလိုအပ်သူများနှင့် ချိတ်ဆက်ကူညီပေးပို့ဆောင်ရွက်ပေးနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကယ်ဆယ်ရေးအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် အမှန်တကယ်လိုအပ်သူများအားလုံး တစ်ဦးမကျန် လက်ခံရရှိစေရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို ရှာဖွေဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ သံအမတ်ကြီးက မေတ္တာရပ်ခံတောင်းဆိုသည်။