Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ

ဇွန်လ ၆ ရက်မနက်ပိုင်းက KNU တပ်မဟာ ၃ ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်း ၅ ခုကို တပြိုင်တည်းဝင်တိုက်ခဲ့တာပါ။

နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ
နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ

ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်း နတ်သံကွင်းဒေသမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇွန်လ ၆ ရက်က တပ်စခန်းနဲ့ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၄,၅၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ KNU ကဆိုပါတယ်။

ဇွန်လ ၆ ရက်မနက်ပိုင်းက KNU တပ်မဟာ ၃ ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်း ၅ ခုကို တပြိုင်တည်းဝင်တိုက်ခဲ့တာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းမှာရှိတဲ့ စစ်တောင်းမြစ်ကူး နတ်သံကွင်း တံတားအပါအဝင် တံတား ၃ စင်းကို ချိုးဖျက်ခဲ့တယ်လို့ KNU ကဒီနေ့မှာ ဆိုထားပါတယ်။

နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ
နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ

စခန်းတွေတိုက်ခိုက်ခံရတဲ့နေ့မှာ စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၊တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ရှိခဲ့ပြီး ဒီနေ့ထိတိုင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာရှိတယ်လို့ KNU ကဆိုပါတယ်။

ဒါအပြင် နတ်သံကွင်းတံတား နဲ့ နတ်သံကွင်းရဲစခန်းမှာ ပြန်လည်တပ်စွဲတဲ့ စစ်ကောင်စီတပ်ဟာ အနီးပတ်ဝန်းကျင်ရပ်ကွက်က ပြည်သူတွေကို အဓမ္မ နေရပ်ရွှေ့ပြောင်းစေတာတွေ ရှိနေတယ်လို့ KNU ဗဟိုက ဒီနေ့မှာဖော်ပြပါတယ်။

ဒါကြောင့်ကျေးရွာတွေက ပြည်သူတွေအပါအဝင် ဒေသခံ ၄၅၀၈ ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ပြောပါတယ်။

ဇွန်လ ၆. ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU က ဖော်ပြပါတယ်။

KNU ပူးပေါင်းတပ်တွေဘက်ကလည်း ၄ ဦးကျဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။