Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လဲချားရှိ SSPP တပ်နေရာ ၁၀ခု ဆုတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုလာ၍ စစ်ရေးတင်းမာနေ

စစ်ကောင်စီဘက်ကတပ်ဆုတ်ခိုင်းသည့်လဲချားမြို့၏ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီတပ်စခန်း ၁၀ခုသည် ခိုလမ် တိုင်းစစ်ဌာနချုပ် လုံခြုံရေးအတွက် အဓိကကျသည့် နေရာ ဖြစ်သကဲ့သို့ SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်အဓိကကျသည့်နေရာများဖြစ်သည်ဟုသိရသည်။

(SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)
(SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)

“သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်” -SSPP အရာရှိ

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲခြားမြို့နယ်ရှိရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်ကယခုလအတွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့လာသည်ဟု SSPP/SSA က ထုတ်ပြန်သည်။

လဲချားမြို့နယ် အတွင်း လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နှင့် ဇွန်လ ၁၁ရက်တွင် အကြောင်းကြားလာခြင်းဖြစ်ပြီး SSPP ဘက်က လက်မခံ၍ စစ်ရေးတင်းမာနေသည်ဟုဆိုသည်။

ထို့ကြောင့် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အားရာနှင့် ချီ ဖြည့်ထားကြောင်း ဖော်ပြထားသည်။

“ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ်ထွက်ပေး လို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကိုလာကပ်ထားတယ် ။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ဟုလဲချားဒေသရှိ SSPP/SSA အရာရှိက ပြောကြားကြောင်း SSPP ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကတပ်ဆုတ်ခိုင်းသည့်လဲချားမြို့၏ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီတပ်စခန်း ၁၀ခုသည် ခိုလမ် တိုင်းစစ်ဌာနချုပ် လုံခြုံရေးအတွက် အဓိကကျသည့် နေရာ ဖြစ်သကဲ့သို့ SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်အဓိကကျသည့်နေရာများဖြစ်သည်ဟုသိရသည်။

SSPP/SSA စစ်ကြောင်းများ ရောက်ရှိနေသည့်ရှမ်းတောင်ဘက်၌ SSPP/SSA ဌာနချုပ်ရှိရာ လမ်းကြောင်းကို စစ်ကောင်စီက အလွယ်တကူ အင်အားဖြည့်တင်းနိုင်သော ပင်မလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းပိုင်းသည်လည်း SSPP/SSA ဌာနချုပ်၏ လုံခြုံရေးအတွက် အဓိက ထိန်းချုပ်ရမည့် နေရာများဖြစ်သည်ဟု ဖော်ပြသည်။

၂၀၁၅ နှစ်ကုန်ပိုင်းတုန်းကလည်း မိုင်းရှူး ၊ မိုင်းနောင်မြို့နယ်ထဲရှိ SSPP/SSA တပ်စခန်းများကို ကားလမ်းမြောက်ဘက်ထိ တပ်ဆုတ်ပေးရန် စစ်ကောင်စီမှ သတိပေးတောင်းဆိုခဲ့ရာ SSPP/SSA က တပ်မဆုတ်ပေးနိုင်သောကြောင့် စစ်ကောင်စီက အင်အား ၅၀၀၀ ကျော်ဖြင့် SSPP/SSA တပ်ရှိရာ မိုင်းရှူးမြို့နယ် တာဆမ်ပူး၊ ဟိုက်ပါ၊ ဝမ်လွေ၊ မိုင်းအတ်၊ ဝမ်ဆော့ ကနေ မိုင်းနောင်မြို့နယ် မြို့ဟောင်းအထိ ၃ လနီးပါးလောက် စစ်မျက်နှာ ဖွင့် တိုက်ခိုက်ခဲ့ဖူးကြောင်း SSPP က ထုတ်ပြန်သည်။

၂၀၁၅ တိုက်ပွဲ၌ စစ်ကောင်စီက တောင်ကြီး -လဲချား – မိုင်းနောင်ဘက်မှ လမ်းကြောင်းတစ်ကြောင်း၊ နမ့်စန် – ခိုလမ် ဘက်ကတစ်ကြောင်း နှင့် ကာလိ – ကွန်ဟိန်းဘက်မှ ခိုလမ်ဘက်သို့ လမ်းကြောင်းတစ်ကြောင်းဖြင့် SSPP/SSA ဌာနချုပ်၏ လုံခြုံရေးတပ်များကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ယခု တွင်လည်း SSPP/SSA ၏ဌာနချုပ်ကို ခြိမ်းခြောက်နိုင်သည့် စစ်ကောင်စီ၏ ပင်မစစ်အင်အားဖြည့် လမ်းကြောင်း ၃ ကြောင်းကို SSPP/SSA က ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း အသိပေးသည်။

SSPPသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ အနည်းငယ်သာဖြစ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်များအားသွားရောက်တွေ့ဆုံဆွေးနွေးနေသည့် တပ်ဖွဲ့ဖြစ်သည်။ ယခင်ကလည်း ယခုကဲ့သို့ စစ်ကောင်စီက တပ်စခန်းများ ဖယ်ရှားခိုင်းခြင်း၊ စစ်ရေးတင်းမာခြင်း၊ SSPP ဌာနချုပ်နယ်မြေသို့ တိုက်လေယာဉ်ပျံသန်းခြင်းများ ပြုလုပ်ခဲ့၍ စစ်ရေးတင်းမာနေကြောင်း SSPPက အသိပေးသည်။ ထိုသို့ စစ်ရေးတင်းမာမှုများ ဖြစ်ခဲ့ပြီး မကြာမီကာလအတွင်း SSPP နှင့် စစ်ကောင်စီတပ်တို့ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။