Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်စဲ့တွင် စစ်ကောင်စီတပ်စခန်းလေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်၊ ရဲစခန်းတိုက်ပွဲတွင် မြို့နယ်စခန်းမှူးသေဆုံး

စစ်တပ်အာဏာသိမ်းပြီးနောက် မယ်စဲ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မယ်စဲမြို့သည် လူဦးရေထောင်ကျော်သာရှိသည့် မြို့ငယ်လေးဖြစ်ပြီး ရဲစခန်း၌လည်း အင်အားအနည်းငယ်သာရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်စခန်းတစ်ခု မြို့ပေါ်၌ ကျန်ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေး ဂိတ် (BP-13)အား တွေ့ရစဥ်။ ဓာတ်ပုံ - Linzawhtut Htut facebook)
(ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေး ဂိတ် (BP-13)အား တွေ့ရစဥ်။ ဓာတ်ပုံ - Linzawhtut Htut facebook)

“စခန်းသိမ်းတိုက်တာ လေးခုလုံးပဲ။ဒါပေမဲ့ သူတို့က လေယာဉ်တို့ဘာတို့လာတဲ့အခါ ပြန်ဆုတ်ရတာပေါ့။ ကျနော်တို့က စခန်းကိုရဖို့ထက် ကိုယ့်လူသက်သာဖို့ အဲဒါမျိုးလုပ်လိုက်တာလေ” – ကရင်နီ စစ်ဘက်သတင်းရင်းမြစ်

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မြို့နယ်ရဲစခန်းနှင့် တပ်စခန်း သုံးခုကို ကရင်နီ ပူးပေါင်းတပ်က ယနေ့မနက်တွင်တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး (၁၂၀)မမ လက်နက်ကြီး နှစ်လက်အပါအဝင် လက်နက်အများအပြား ရရှိခဲ့သည်ဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မယ်စဲ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မယ်စဲမြို့သည် လူဦးရေထောင်ကျော်သာရှိသည့် မြို့ငယ်လေးဖြစ်ပြီး ရဲစခန်း၌လည်း အင်အားအနည်းငယ်သာရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်စခန်းတစ်ခု မြို့ပေါ်၌ ကျန်ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

“နောက်ဆက်တွဲကတော့ စခန်းက ရဲစခန်းအပါ လေးခု။တောင်လှစခန်းရယ်။ မယ်လမျှော်ရယ်ဆိုတဲ့ စခန်းရယ်။ နောက်ပြီး ဘီပီ ၁၄ ပေါ့။ အဲဒီစခန်းသုံးခုရယ် နောက်ပြီး ရဲစခန်းအပါ ၄ခု။ အကျအဆုံးက အခုထိမသိရသေးဘူး။ ဒါပေမဲ့ မယ်စဲ့မြို့နယ်ရဲစခန်းမှူးကျသွားတယ်လို့ ပြောတယ်။ စခန်းသိမ်းတိုက်တာ လေးခုလုံးပဲ။ဒါပေမဲ့ သူတို့က လေယာဉ်တို့ဘာတို့လာတဲ့အခါ ပြန်ဆုတ်ရတာပေါ့။ ကျနော်တို့က စခန်းကိုရဖို့ထက် ကိုယ့်လူသက်သာဖို့ အဲဒါမျိုးလုပ်လိုက်တာလေ”ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ရဲစခန်း၌ လူအင်အား ဆယ်ဂဏန်းသာရှိသော်လည်း လက်နက်အလက် ၄၀ခန့်သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“အခုက မယ်စဲ့မြို့နယ်ဆိုရင် အရင်တုန်းက မဖြစ်ခဲ့ဘူးဘူး။ အခု ကြီးကြီးကျယ်ကျယ် စခန်း သုံးလေးခုကို တစ်ခါတည်း အဲဒီလို တိုက်လိုက်တာ”ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ရဲစခန်းအနီးရှိ စစ်ကောင်စီတပ်စခန်းကြီးတစ်ခု ကျန်နေပြီး အဆိုပါ တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ပစ်ကူပေးခြင်း များ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ ပြည်နယ်မှာက တစ်ပြည်နယ်လုံးစစ်ဖြစ်နေပြီ။ IDPလည်း တစ်ပြည်နယ်လုံး ဖြစ်သွားပြီပေါ့”ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် မြို့နယ် ခုနစ်ခုရှိရာ လွိုင်ကော်၊ ရှားတော၊ ဖရူဆို၊ ဘောလခဲ၊ ဒီးမော့ဆို မြို့နယ်များ၌ ကရင်နီ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မယ်စဲမြို့နယ်တွင် ကရင်နီ ပူးပေါင်းတပ်က ယနေ့မှစ၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ ပွဲဦးထွက်တွင် စစ်ကောင်စီတပ်စခန်း လေးခုကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဖားဆောင်းမြို့နယ်တွင်မူ တိုက်ပွဲဖြစ်ပွားမှု မကြားမိသေးပေ။