Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်

အထက်ပါ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၁၃)နံနက်ပိုင်းမှစတင်ပြီး ပျဥ်းမနားနယ် တောင်တန်းဒေသတွင် စစ်ကောင်စီတပ်များ တောနင်းရှာဖွေမှုများကို အင်အားအလုံးအရင်းဖြင့်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)
(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)

▪︎လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပျဥ်းမနားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် မြွေဟောက်မြောင် ဘုရားကုန်းစခန်းကို PDF ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇွန် ၁၂)နံနက် ၇ နာရီခန့်က ပျဥ်းမနားမြို့ နယ် တောင်တန်းဒေသရှိ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းမှ စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်း ၁၀၀၄၊ သံ တောင်မြောက်ပိုင်း အထူးဒေသ တပ်ခွဲ ၃၊ KA စသည့် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)
(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)

အဆိုပါစစ်တပ်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း စာရင်းအတိအကျမသိရသေးဘဲ ရန်သူ့ထံမှ ငါးကြင်းမြီး စက်လက် ၁ လက်၊ MA 3- ၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း နေပြည်တော် PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

“စခန်းသိမ်းနိုင်လိုက်တဲ့ အ​ခြေ​နေပါ။ လက်နက်တွေပါရလိုက်တယ်”ဟု ၎င်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

စီးနင်းတိုက်ခိုက်ခဲ့သော မြွေဟောက်မြောင် ဘုရားကုန်းတပ်စခန်းတွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်မှ အင်အား ၆၀ ဝန်းကျင် အထိုင်ချတပ်စွဲထားလေ့ရှိရာ ယမန်နေ့တိုက်ခိုက်မှုတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ၃ နာရီကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီး တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော် PDF က ပြောသည်။