Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့တောင်ပိုင်း သာစည်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ကျော်ထိခိုက်​သေဆုံးဟုဆို

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဇွန်လ ၂၅ ရက် နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ RKDFက ဇွန် ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

(ကလေးPDF မှ ရဲဘော်နှစ်ဦးအား ရှေ့တန်းစစ်မြေပြင်၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေးPDF)
(ကလေးPDF မှ ရဲဘော်နှစ်ဦးအား ရှေ့တန်းစစ်မြေပြင်၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေးPDF)

စစ်ကိုင်းတိုင်း ကလေးမြို့တောင်းပိုင်း သာစည်ကျေးရွာကို လက်နက်ကြီးပစ်ကူဖြင့် စစ်ကောင်စီထိုးလာသည့် အင်အား ၁၂၀ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခြောက်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံး ဒဏ်ရာရရှိခဲ့သည်ဟု Ranger Kalay Defend Force-RKDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဇွန်လ ၂၅ ရက် နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ RKDFက ဇွန် ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းတွင် ပျူစောထီးများလည်းပါဝင်ပြီး နံနက် ၉နာရီမှ ညနေ ၅နာရီအထိတိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏ နေအိမ် ခုနစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိလဲ ကျေးရွာများပါမချန် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူ့တွေအနေနဲ့ ကလေးတောင်ပိုင်းလမ်းကို အသုံးမပြုကြဖို့နဲ့ လက်နက်ကြီးသံများနားစွင့်ပြီး သတိဖြင့်နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု RKDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ကလေးမြို့တောင်ပိုင်းရှိ သာစည်နှင့် ဇင်ကလင်းကျေးရွာကြား၌ စစ်ကောင်စီတပ်သားများ၏ ယာဉ်တန်းကို ဇွန်လ ၂၅ ရက်က စီးကြိုတိုက်ခိုက်ခဲ့ကြောင်း CDF(ကလေး-ကဘော်-ဂန့်ဂေါ) ကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီယာဉ်တန်းတွင် ဖောကား ၄စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ အိမ်စီးကား နှစ်စီး၊ စစ်ကားအကြီး နှစ်စီးပါဝင်ပြီး ကာကွယ်ရေးတပ်များဘက်က RKDF၊ UGF Ninja၊ CDF-(KKG)၊ CNDF (VAKOK)၊ PDF(ကလေး)နှင့် ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ အထိအခိုက်စာရင်းကို အတည်မပြုနိုင်သေးကြောင်းနှင့် စစ်ကောင်စီက ကလေးမြို့တွင်း အမြှောက်တပ်နှင့် ကလေးမြို့အထွက်ရှိ အဖွဲ့စက်ဂိတ်တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုများကြောင့် CNDFမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး CDF(KKG)မှ ရဲဘော် သုံးဦးနှင့် ပကဖမှ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့တွင် ယနေ့ စစ်ရေးအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှုများမရှိကြောင်း ကလေးPDF ရဲဘော်တစ်ဦးက ပြောသည်။

“စစ်ကြောင်းမရှိဘူး။ သာစည်ရွာတိုက်ပွဲကလည်း စစ်တပ်က စစ်ကြောင်းထိုးတာမဟုတ်ဘူး။ သူတို့ ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်းကို ရွှေ့တာကိုဖြတ်တိုက်တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။