Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် (၁၄)ဦးကျဆုံး၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံး မသိရသေး

ဇွန် ၄ ရက်ကစစ်ကောင်စီတပ်နှင့်စစ်ကိုင်းခရိုင်တပ်ရင်း(၃)တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ (၁၃)ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

(ကျဆုံးသွား​သောရဲ​ဘော်များထံမှ သိမ်းဆည်းရမိ​သည့်လက်နက်ခဲယမ်းများဆိုကာစစ်​ကောင်စီတပ်​လော်ဘီများဖြန့်ချီ​နေ​သောဓါတ်ပုံ)
(ကျဆုံးသွား​သောရဲ​ဘော်များထံမှ သိမ်းဆည်းရမိ​သည့်လက်နက်ခဲယမ်းများဆိုကာစစ်​ကောင်စီတပ်​လော်ဘီများဖြန့်ချီ​နေ​သောဓါတ်ပုံ)

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် (၁၄)ဦးကျဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် PDF တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဇွန် ၂၈)နံနက်ပိုင်းတွင် မင်းကွန်းဘက်မှနေ၍ မြစ်ကြောင်းအတိုင်းဆန်တက်ကာ အုတ်ဖိုရွာ၌ ကမ်းကပ်ပြီး စဥ့်ကိုင်နှင့် တလိုင်းရွာများဘက် စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို စစ်ကိုင်းခရိုင် တပ်ရင်း(၁)နှင့် တပ်ရင်း(၃)မှ ရဲဘော်များက နံနက် ၈ နာရီခန့်တွင် သွားရောက်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်—ကြောင်းက မင်းကွန်းကနေ မြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး အုတ်ဖိုမှာ ကမ်းကပ်ပြီး စဉ့်ကိုင်၊ တလိုင်းဘက်ကို စစ်ကြောင်းထိုးလာတာပါ။ စစ်ကြောင်းထိုးလာတာသိလို့ စစ်ကြောင်းကို သွားကာဖို့လုပ်တဲ့အချိန်မှာ ဖြစ်တာပါ။ ဟိုဘက် ကင်းပုန်းနဲ့တွေ့ပြီး ထိတွေ့မှုဖြစ်ပြီးကျတာပါ”ဟုစစ်ကိုင်းခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်တပ်စစ်​ကြောင်းကိုကာရန် သွား​ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပါသွားသူအားလုံးကျဆုံးခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွင် စစ်ကိုင်းခရိုင် တပ်ရင်း(၁)မှ ရဲ ဘော်ငါးဦး၊ တပ်ရင်း(၃)မှ ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော်ကိုးဦးကျဆုံးပြီး လက်နက်ခဲယမ်းအချို့ပါ ဆုံးရှုံးခဲ့​သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းဆဲဖြစ် ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြော သည်။

အထက်ပါ တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများအနီးရောက်ရှိနေသော စစ်ကောင်စီတပ်သည် မြစ် ကြောင်းမှလာသောအဖွဲ့နှင့် ကင်းအဖွဲ့ပေါင်းလျှင် ခန့်မှန်းအင်အား ၇၀ ခန့်ရှိပြီး ကျဆုံးတော်လှန်ရေးရဲ ဘော်များအား မီးရှို့သွားသောကြောင့် ရုပ်အ လောင်းများအား အကောင်းအတိုင်းမရရှိခဲ့ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၃)က အသိပေးသည်။

ထို့ကြောင့် နိုင်ငံနှင့်ပြည်သူ့အတွက် ရဲဝင့်စွာ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသော ရဲဘော်များနှင့်စပ်လျဥ်းပြီး စစ်ကိုင်းခရိုင် တပ်ရင်း(၃)အနေဖြင့် ၎င်းတို့၏ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ထားသည်။

ဇွန် ၄ ရက်ကစစ်ကောင်စီတပ်နှင့်စစ်ကိုင်းခရိုင်တပ်ရင်း(၃)တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ (၁၃)ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။