Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထုတ်ရောင်းသည့် ငွေ​ချေးသက်​သေခံလက်မှတ်များ၏အကြွေးများမှာ နိုင်ငံတော်နှင့်ပြည်သူ့ကြွေးမြီများမဟုတ်ကြောင်း NUG ​ကြေညာ

နိုင်ငံတော်ဘတ်ဂျတ်လိုဖြည့်တင်းရန် အစိုးရအဆက်ဆက်က ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ်များကို ငွေတိုက်ဦးစီးဌာနက ဗဟိုဘဏ်ကတဆင့်ထုတ်ရောင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များကို ထုတ်ရောင်းခဲ့သော်လည်း ၂၀၂၁ခုနှစ်တွင် ဝယ်သူမရှိခဲ့ပေ။

(NUG ၏ ထုတ်ပြန်ချက်)
(NUG ၏ ထုတ်ပြန်ချက်)

ပြည်သူ့လူထုထံမှ ချေးငွေအဖြစ်ရယူရန် စစ်ကောင်စီထုတ်ရောင်းနေသည့် ငွေချေးသက်သေခံလက်မှတ်(Bond)များ၏ အကြွေးများကို နိုင်ငံတော်နှင့်ပြည်သူ့အစိုးရထံတောင်းဆိုခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့အသိ​ပေး​ကြေညာသည်။

စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံအဖွဲ့အစည်းများသည် ၎င်းတို့သက်ဆိုးရှည်ရန်အတွက် ဘတ်ဂျတ်ငွေဖြည့်တင်းရန် သုံးလတစ်ကြိမ် ငွေချေးသက်သေခံလက်မှတ်များထုတ်ရောင်းကာ ပြည်သူ့လူထုထံမှ ချေးငွေများရယူနေသည်ဟု NUG ၊ စီမံကိန်း ဘဏ္ဍာ​ရေးနှင့်ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနကဆိုသည်။

နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူပြီးနောက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ၂၀၂၀ရွှေးကောက်ပွဲတွင်အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်များကပြင်ဆင်ခဲ့သည်။

ထိုပြင်ချက်ထဲတွင် ချေးငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ သဘောတူခွင့်ပြုချက်ရယူမှာသာ ဆောင်ရွက်ရမည်ဟုပါရှိသည်။

(NUG ၏ ထုတ်ပြန်ချက်)
(NUG ၏ ထုတ်ပြန်ချက်)

ထိုပြင်ဆင်ထားသည့် ဥပဒေထဲတွင် ကန့်သတ်ထားသည့် အဖွဲ့အစည်းတရပ်၏ ချေးငွေယူခြင်း၊ ကြွေးမြီတင်ခြင်းနှင့် ပေးရန်တာဝန်ရှိခြင်းတို့ကို အစိုးရကြွေးမြီ သို့မဟုတ် ပြည်သူ့ကြွေးမြီမှတ်ယူခြင်းမပြုရဟု ဆိုထားသည်။

ထို​ကြောင့်အာဏာသိမ်းစစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများရယူထားသည့် ကြွေးမြီများသည် အစိုးရကြွေးမြီ (သို့မဟုတ်) ပြည်သူ့ကြွေးမြီ (သို့မဟုတ်) နိုင်ငံတော်၏အာမခံချက်ရှိသည့်ကြွေးမြီများ မဟုတ်သည့်အတွက် နိုင်ငံတော် (သို့မဟုတ်) အစိုးရအဖွဲ့အပေါ် တောင်းဆိုပိုင်ခွင့်မရှိကြောင်းစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှုဝန်ကြီးဌာနကရှင်းလင်းထားသည်။

“ငွေတိုက်လက်မှတ်တို့၊ငွေတိုက်စာချုပ်တို့ စစ်ကောင်စီက လစဉ်၊နှစ်စဉ်ထုတ်ရောင်းနေတာ ကြာပါပြီ။ ဒါတွေကလည်း သူတို့နဲ့ နီးစပ်တဲ့ ဘဏ်တွေက ဝယ်နေကြတာ ကြာပါပြီ။ ဒီကိစ္စကိုနောက်ပိုင်းရှုပ်ထွေးလာမှာ စိုးလို့ အခုလို ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားတာလို့ မြင်ပါတယ် ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

ထို​ကြောင့်စစ်​ကောင်စီထံမှငွေတိုက်စာချုပ်များဝယ်ထား​သောဘဏ်များမှာ ​လူထုတော်လှန်​ရေး​အောင်ပါက ​ထိုစာချုပ်များပြန်​ရောင်းရ​တော့မည်ဘဲ များများဝယ်ထားသူများများဆုံးရှုံးရမည်အ​ခြေအ​နေဖြစ်​ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက​ပြောသည်။ ဘဏ်များသည် စစ်​ကောင်စီ ထံမှ ​ငွေတိုက်စာချုပ်များဝယ်ယူ​သောအခါ ပြည်သူများ ၏ စု​ဆောင်းအပ်​ငွေများဖြင့်ဝယ် ယူကြခြင်းဖြစ်​ကြောင်းလည်း ၎င်က​ပြောသည်။

နိုင်ငံတော်ဘတ်ဂျတ်လိုဖြည့်တင်းရန် အစိုးရအဆက်ဆက်က ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ်များကို ငွေတိုက်ဦးစီးဌာနက ဗဟိုဘဏ်ကတဆင့်ထုတ်ရောင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များကို ထုတ်ရောင်းခဲ့သော်လည်း ၂၀၂၁ခုနှစ်တွင် ဝယ်သူမရှိခဲ့ပေ။

၂၀၂၂ခုနှစ်နောက်ပိုင်းတွင် လုပ်ငန်းရှင်တချို့နှင့်ဘဏ်တချို့ကဝယ်ယူလာခြင်းဖြစ်သည်ဟု အစိုးရဘတ်ဂျတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့များထံမှသိရသည်။