Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရရန် ကြိုးပမ်းနေဟု ယာယီသမ္မတပြော

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့တွင် ပြောကြားခဲ့သည့် ယာယီသမ္မတ၏ အမှာစကားကို ယနေ့(ဇွန်လ ၃၀ရက်) ပြည်သူလူထုသို့ပြန်လည် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာစစ်တပ်က ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာ တရားစီရင်မှုများရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့တွင် ပြောကြားခဲ့သည့် ယာယီသမ္မတ၏ အမှာစကားကို ယနေ့(ဇွန်လ ၃၀ရက်) ပြည်သူလူထုသို့ပြန်လည် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ထိရောက်သော ဥပဒေ၊ မူဝါဒများဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

ဇွန်လ ၁၉ရက်တွင် ကျရောက်သည့် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုပပျောက်ရေး နိုင်ငံတကာနေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းပြီးနောက် ယခုနှစ် ဇွန်လ ၁၅ရက်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် (၁၁၇) ခု ဖြစ်ပွါးခဲ့ကြောင်း တိုင်ကြားချက်များ လက်ခံရရှိသည်ဟု ဖော်ပြသည်။

ယင်းအနက် အတည်ပြုဖြစ်စဉ် (၅၁)ခုနှင့် အတည်ပြုရန်ခက်ခဲသည့်ဖြစ်စဉ် (၆၆)ခု ပါ၀င်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် ကျူးလွန်သည့် အမှု ၁၀၈မှုရှိကြောင်း၊ အရပ်သား အချင်းချင်း ကျူးလွန်သည့် အမှု ၉မှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် တော်လှန်ရေးအင်အားစု ကျူးလွန်သည်ဟု ဖော်ပြတိုင်ကြားချက် (၁၃)မှုရှိကြောင်းလည်း အသိပေးထားသည်။

တော်လှန်ရေးကာလအတွင်း အရပ်သားများအပေါ်နှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်မှုများကိုလည်း တရားနည်းလမ်းတကျ အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်လျက် ရှိကြောင်း ဝန်ကြီးဌာနနှစ်ခုက ပူးတွဲထုတ်ပြန်ထားသည်။