Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးနန်းတွင်းကို နည်းပညာမြင့်ပစ္စည်းများသုံး၍ နှစ်ကြိမ်တိုက်ခိုက်

ဇွန်လ ၂၆ ရက် ည ၁၁ နာရီခွဲက နန်းတွင်းရှိ စစ်ကောင်စီတပ်ကို GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့တို့ပူးပေါင်းပြီး နည်းပညာမြင့်ပစ္စည်းများအသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)

‘တိမ်ပျံစစ်ဆင်ရေး’အဖြစ် မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ်ကို နည်းပညာမြင့်ပစ္စည်းများအသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power-GZP မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၂၆ ရက် ည ၁၁ နာရီခွဲက နန်းတွင်းရှိ စစ်ကောင်စီတပ်ကို GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့တို့ပူးပေါင်းပြီး နည်းပညာမြင့်ပစ္စည်းများအသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)
(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)

“(နန်းတွင်းရှိ)တိုင်းမှူးနဲ့ ဒုတိုင်းမှူးအိမ်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ် ထိရောက်မှုရှိပါတယ်”ဟု GZP(Mandalay)ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ရေးပစ်မှတ်များအား ထိရောက်အောင် ပစ်ခတ်နိုင်ခဲ့၍ စစ်တိုင်းမှူးနှင့် ဒုစစ်တိုင်းမှူးတို့၏ နေအိမ်အဆောက်အအုံများ ထိခိုက်မှုရှိပြီး လူထိခိုက်သေဆုံးမှုရှိ၊ မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)
(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)

တိမ်ပျံစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းသို့ တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ရှိဌာနက ထုတ်ပြန်ရာတွင်လည်း GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့များက နည်းပညာမြင့်ပစ္စည်းများဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။