Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ

ကာယကံရှင် ဦးမောင်ဝိတ်ကလည်း နေအိမ်ပြန်ရောက်ပြီလို့ သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာကနေ ဓာတ်ပုံနဲ့တကွအသိပေးထားတာတွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုနဲ့ တရားစွဲရာမှာ အဓိကသက်သေအဖြစ် ထွက်ဆိုရသူ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ကို စစ်ကောင်စီက ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကာယကံရှင် ဦးမောင်ဝိတ်ကလည်း နေအိမ်ပြန်ရောက်ပြီလို့ သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာကနေ ဓာတ်ပုံနဲ့တကွအသိပေးထားတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၃ ရက်အကြာ မှာ စစ်တပ်က ဦးမောင်ဝိတ်ကို ဖမ်းဆီးပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ

အဲဒီနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန် ဒေါ်လာ ၅ သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့တယ်လို့ ဦးမောင်ဝိတ်ထွက်ဆိုတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက ဖြန့်ဝေပါတယ်။

အဲဒီ ထွက်ဆိုချက်ကိုအသုံးချပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် လာဘ်ယူတယ်ဆိုကာ အဂတိပုဒ်မနဲ့ တရားစွဲခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ပြန်လွတ်လာ

စစ်ကောင်စီရဲ့တရားရုံးမှာ အမှုစစ်ဆေးချိန် သက်သေအဖြစ် လာရောက်ထွက်ဆိုတဲ့ ဦးမောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပါသေးတယ်။

ဦးမောင်ဝိတ်ကို ဖမ်းဆီးထားတဲ့ ၂ နှစ်ကျော်ကာလအတွင်း မည်သည့်နေရာမှာထားရှိတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။