Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား

မက်ဒေါနားနဲ့ နီးစပ်သူ တချို့ကတော့ ကမ္ဘာကျော် အဆိုတော်ဟာ အခုအခါ ICUထဲက ထွက်ခွင့်ရပြီး တဖြည်းဖြည်း နာလန် ပြန်ထလာနေပြီလို့ CNN သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ မက်ဒေါနားဟာ နယူးယောက်မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ကုသမှု ခံယူနေရဆဲလို့ ယုံကြည်ရပါတယ်။

ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား
ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား

ကမ္ဘာကျော် Popဂီတ အဆိုတော် မက်ဒေါနားဟာ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အရေးပေါ် ကြပ်မတ် ကုသဆောင် (ICU)အထိ ရောက်သွားခဲ့ပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် တချို့ကိုပါ ရွှေ့ဆိုင်းလိုက်ရပါတယ်။

Popဂီတ ဘုရင်မကြီးအဖြစ် တင်စားခံရသူ မက်ဒေါနားဟာ ဘက်တီးရီးယား ပိုးမွှားဝင်ရောက်မှု ပြဿနာ တခုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာလို့ သူ့ရဲ့ Instagram စာမျက်နှာကနေတဆင့် မက်ဒေါနားရဲ့ ကာလရှည်ကြာ မန်နေဂျာ ဂိုင်အော့ဆာရီက ရေးသား အတည်ပြုခဲ့ပါတယ်။

မက်ဒေါနားရဲ့ ကျန်းမာရေးက အတော် စိုးရိမ်ရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး ICUထဲမှာ ရက်ပိုင်းလောက် နေခဲ့ရတယ်လို့ အော့ဆာရီက ဆိုပါတယ်။ မက်ဒေါနားရဲ့ ကျန်းမာရေး အခြေအနေက အခုအခါ တဖြည်းဖြည်း တိုးတက်လာနေကြောင်း၊ ဒါပေမဲ့ ဆေးဝါးကုသမှုတွေ ဆက်လက် ခံယူဖို့ လိုအပ်နေဆဲဖြစ်ပြီး အပြည့်အဝ ကျန်းမာလာမယ်လို့တော့ ယုံကြည်ကြောင်းလည်း အော့ဆာရီက ပရိသတ်တွေကို အသိပေးထားပါတယ်။

မက်ဒေါနားရဲ့ Celebration ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်မှာ အစပြုဖို့ လျာထားပေမယ့် လက်ရှိ အခြေအနေအရတို့ ဒီကိစ္စကို ဆိုင်းငံ့ပြီး တချို့ ဖျော်ဖြေပွဲတွေကို မဖြစ်မနေ ရွှေ့ဆိုင်းရလိမ့်မယ်လို့လည်း သူ့ရဲ့ မန်နေဂျာက မှတ်ချက် ပေးသွားပါတယ်။ Celebrationရဲ့ ဖျော်ဖြေပွဲတွေကို ကနေဒါမှာ ပွဲဦးထွက် အစပြုပြီး အဲဒီကနေတဆင့် အမေရိကန်က မြို့ကြီးတချို့ဆီ ကူးသွားပြီး ဥရောပထိ ခြေဆန့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။