Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းလေဆိပ်မှာ ရွေ့လျားလျှောက်လမ်းနဲ့ ညပ်ရာက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

အမျိုးသမီးဟာ ခရီးဆောင် အိတ်တစ်လုံးနဲ့ တိုက်မိရာက ရွေ့လျား လျှောက်လမ်းပေါ် ဟန်ချက်ပျက် လဲကျရင်း ဆိုးရွားလှတဲ့ အခြေအနေဆီ ဦးတည်သွားခဲ့တာလို့ ဆိုပါတယ်။ သူဟာ မူလက ဒွန်မောင်းကနေ နက်ခွန်ဆီ သာမာရတ် ဒေသဆီ သွားရောက်ဖို့ စီစဉ်ထားခဲ့တာပါ။

ထိုင်းလေဆိပ်မှာ ရွေ့လျားလျှောက်လမ်းနဲ့ ညပ်ရာက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်
ထိုင်းလေဆိပ်မှာ ရွေ့လျားလျှောက်လမ်းနဲ့ ညပ်ရာက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

ထိုင်းနိုင်ငံက လေဆိပ်တခုထဲက ရွေ့လျား လျှောက်လမ်းမှာ မတော်တဆမှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ခြေထောက် ပြတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၉ ရက် မနက်ပိုင်းက ဒွန်မောင်း နိုင်ငံတကာ လေဆိပ်က ရွေ့လျား လျှောက်လမ်း (လှေကားထစ်တွေ မပါဘဲ ကုန်းစောင်းအနေအထား တည်ဆောက်ထားတဲ့ စက်လှေကား)မှာ အမျိုးသမီးတစ်ဦး ဘယ်ဖက်ခြေထောက် ညပ်ရာက ဒူးခေါင်းနားကနေ ပြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဟာ ခရီးဆောင် အိတ်တစ်လုံးနဲ့ တိုက်မိရာက ရွေ့လျား လျှောက်လမ်းပေါ် ဟန်ချက်ပျက် လဲကျရင်း ဆိုးရွားလှတဲ့ အခြေအနေဆီ ဦးတည်သွားခဲ့တာလို့ ဆိုပါတယ်။ သူဟာ မူလက ဒွန်မောင်းကနေ နက်ခွန်ဆီ သာမာရတ် ဒေသဆီ သွားရောက်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတဲ့ အမျိုးသမီးကို ဆိုင်မိုင်ခရိုင်ထဲက နီးစပ်ရာ ဘူမိဘော အဒူလိုင်ဒက်ဂျ် ဆေးရုံဆီ အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ အခင်းဖြစ်ရာ ရွေ့လျားလျှောက်လမ်းကိုလည်း ရပ်တန့်စေပြီး အနီးတဝိုက် ဧရိယာကို ပိတ်ထားလိုက်ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့နဲ့ လေဆိပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဒွန်မောင်းလေဆိပ် စီမံအုပ်ချုပ်မှု အဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်နစ်နာသူကို အနူးအညွတ် တောင်းပန်မယ်လို့ ကြေညာခဲ့ပြီး ဆေးကုသမှု စရိတ်နဲ့ နောက်ဆက်တွဲ နစ်နာကြေးတွေလည်း ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

လေဆိပ်က ဒီကိစ္စနဲ့ ပတ်သက်လို့ သီးခြား သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပြီး အချက်အလက်သစ်တွေ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။