Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ်

ကန့်သတ်ခံရတဲ့ လမ်းမကြီးတွေဟာ ရန်ကုန် − မန္တလေးအမြန်လမ်း ၊ ရန်ကုန် − မန္တလေး လမ်းဟောင်း ၊ ရန်ကုန် − ဘားအံလမ်း ၊ ရန်ကုန် − မုတ္တမ နဲ့ ပဲခူး − စစ်တောင်းလမ်းပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။

အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ်
အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ်

တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြှင့်ဖို့အတွက် ရန်ကုန် − မန္တလေး အမြန်လမ်းအပါအဝင် မဟာဗျုဟာလမ်းမကြီး ၅ ခုကို ညပိုင်းအချိန်ဖြတ်သန်းသွားလာခွင့်ကန့်သတ်လိုက်တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ရဲ့ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ကန့်သတ်ခံရတဲ့ လမ်းမကြီးတွေဟာ ရန်ကုန် − မန္တလေးအမြန်လမ်း ၊ ရန်ကုန် − မန္တလေး လမ်းဟောင်း ၊ ရန်ကုန် − ဘားအံလမ်း ၊ ရန်ကုန် − မုတ္တမ နဲ့ ပဲခူး − စစ်တောင်းလမ်းပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။

အဲဒီလမ်းမကြီးတွေမှာ ည ၆ နာရီကနေ မနက် ၆ နာရီ အထိ ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ အသိပေးတာတွေ့ရပါတယ်။

နေ့အချိန် သွားလာရာမှာလည်း မော်တော်ယာဉ်တွေအနေနဲ့ မှန်ချပြီးမောင်းနှင်ကြဖို့နဲ့ တာဝန်အရ စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို ဆက်သွယ်ထားတဲ့ အမှတ် ၈ လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာတဲ့ယာဉ်တွေကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ဆေးနေတာတွေရှိပါတယ်။

ဒီလို စစ်ဆေးရတာဟာ အရပ်ဘက်ကားတွေကို သုံးပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တာ ၊ လက်နက်ခဲယမ်းသယ်တာတွေအပြင် နယ်မြေစိုးမိုးအတွက်ဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။